မြောက်ဦးအောက်သကန်ကျေးရွာသားသုံးဦး မိုင်းထိ တယောက်သေဆုံး

မြောက်ဦး၊ မတ် ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက အောက်သကန်ကျေးရွာမှာ မတ်လ၆ရက် မနေ့နေ့လယ် ၁ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့အတွက် ဦးထွန်းစိန်ဦး (၆၈) နှစ်မှာ ခြေတစ်ဖက်ပြတ်သွားသွားကြောင်းနဲ့ ကိုမောင်ပြား ၃၂ နှစ်မှာ ခြေထောက်နဲ့ လက်တို့မှာ ထိရှဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ထွန်းဦး ၅၅ မှာ ကျောကုန်းတစ်ခုလုံး မိုင်းစများကျရောက်တဲ့ ဒဏ်ရာတွေကိုရရှိခဲ့တာဖြစ်ပါတယ်။

 

“သူတို့က ထင်းခုတ်ဖို့အတွက် အဲ့ဒီနေရာကိုသွားတာပါ။ သူတို့ ယာလုပ်တဲ့နေရာပေါ့။ ဥယျာဉ်လည်းရှိပါတယ်။ အောက်သကန်-ငှက်ပျောတောလမ်း။ ကြပ်စင်ကျော်လမ်းပေါ့။ အဲ့ဒီနေရာမှာ မိုင်းနင်းမိပြီးတော့ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦကပြောပါတယ်။

 

အဲ့ဒီနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲဖြစ်ပွား စဉ်မှာ ကျန်ရှိခဲ့တဲ့မိုင်းဗုံးပေါက်ကွဲတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

 

“မိုင်းထိတာက သုံးယောက်ပါ။ မိုင်းနင်းမိတဲ့ ဦးထွန်းစိန်ဦးကတော့ ညာဘက်ခြေထောက်ပြတ်သွားတယ်။ သွေးထွက် လွန်ပြီးတော့ သေဆုံးသွားပါတယ်။ နောက်နှစ်ယောက်ကတော့ ဒဏ်ရာတွေရကြတာပေါ့။ ဆေးရုံကိုမနေ့ကတည်းက ပို့ပေးထားပါတယ်။”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

သေဆုံးသူ အောက်သကန်ကျေးရွာသား ဦးထွန်းစိန်ဦးမှာ မိုင်းနင်းမိပြီးခြေထောက်ပြတ်သွားတဲ့အတွက် ကျေးရွာသားတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် သွေထွက်လွန်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

 

#voiceofmyanmar#ရခိုင်ပြည်နယ်#မြောက်ဦး#ရွာသားသုံးဦးမိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW