အီရန်အနောက်တောင်ပိုင်းမှာ ရေကြီးရေလျှံနေလို့ အရေးပေါ်အခြေအနေကြေညာ

တီဟီရန် ၊ မတ်-၃၁-၂၀၁၉ မျိုးဆက် (VOM)   အီရန်နိုင်ငံမှာ  နောက်ထပ်ရေကြီးရေလျှံမယ့်အန္တရာယ်ရှိနေတဲ့အခြေအနေကြောင့် နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူဇက်စတန်ပြည်နယ်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။   ဒီလို အရေးပေါ်အခြေအနေကို ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ကြေညာခဲ့တာဖြစ်တယ်လို့ ကူဇက်စတန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရှာရီရာတီ က ပြောပါတယ်။ ဒါပေမယ့် ဒေသခံအချို့ကတော့ ဒီလိုဖြစ်စဉ်များ ယခင်က ကြုံဖူးသလို ၎င်းတို့ရဲ့ အလုပ်တွေကြောင့် အရေးပေါ်အခြေအနေကြေညာတာကို အလေးမထားဘူးလို့ သူကပြောပါတယ်။   ကူဇက်စတန်ပြည်နယ် မြောက်ပိုင်းရှိဒေသတွေမှာ လာမယ့်၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့  မိုးလေ၀သ ခန့်မှန်းချက်တွေထွက်ပေါ်လာပြီးနောက် အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်ပါတယ်။   ကူဇက်စတန်ပြည်နယ်မှာ အီရန်နိုင်ငံရဲ့  ရေကြီးရေလျှံမှုဖြစ်ပွားဖို့ များစွာခြိမ်းခြောက်နေတဲ့ ခါရန်မြစ်အပါအ၀င် အဓိက မြစ်ငါးစင်းတည်ရှိနေပါတယ်။ လက်ရှိမှာတော့ အဲဒီမြစ်တွေရဲ့ အနီးမှာရှိတဲ့  ရွာ ၅၅ ရွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပါတယ်။   မိုးသည်းထန်စွာ…

Read More

အမြန်လမ်းပေါ် ဖြတ်သန်းသွားလာဖို့မသင်တဲ့ ကားတွေကို ဧပြီလကစပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့ရှိ

ရန်ကုန် ၊မတ် ၃၁ -၂၀၁၉ TGH(VOM) ရန်ကုန် မန္တလေး အမြန်လမ်းပေါ် ဖြတ်သန်းသွားလာဖို့မသင်တဲ့ ကားတွေကို ဧပြီလကနေစပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )ပြောခွင့်ရ  ရဲမှူးဇာနည်မောင်ကပြောပါတယ်။ “ကားအားလုံးကိုရည်ညွှန်းတယ်။ လိုက်ထရပ်ရယ်မဟုတ်ဘူး။ ယာဉ်ကြံ့ခိုင်မှုမရှိရင် ဖြတ်သန်းခွင့်မပေးတော့ဘူးပေါ့။ ၄ လပိုင်း ၄ ရက်နေ့မှ သိရမယ်။ ကျွန်တော်တို့ကတော့ ၀ိုင်းဝန်းကူညီတာလုပ်ရမှာပေါ့။ ကျွမ်းကျင်သူတွေက စစ်ဆေးမယ်။ ဒီဝိတ်နဲ့ ဒီလမ်းမသွားသင့်ဘူးဆိုတာမျိုးပေါ့။ ဟိုက်လတ်ကားဆို ကားတာယာပွင့်ပြီး လူတွေသေကြတယ်။ အဲ့နောက်ပိုင်းကစပြီး ယာဉ်ကြံ့ခိုင်မှုစစ်မယ်၊ မကောင်းရင် မလွှတ်တော့ဘူးဆိုပြီး အစည်းအဝေးမှာ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့ကနေ ဆုံးဖြတ်လိုက်တာ။ အဲ့ဒီနောက်ပိုင်း ယာဉ်က အမြန်လမ်းပေါ်သွားဖို့မသင့်တော်ရင် ဘယ်ကားပဲဖြစ်ဖြစ် ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးး ။အစည်းဝေးဆုံးဖြတ်ချက်ကထွက်ပြီး တရားဝင်မလုပ်ရသေးတာပဲရှိတယ်။ ယာဉ်စစ်ဆေးတာကတော့ ကညန ကျန်တဲ့ ဆက်စပ်မိတ်ဖက်အဖွဲ့တွေပါ မှာပေါ့။”လို့ ရဲမှူးဇာနည်မောင်က ပြောပါတယ်။ ယာဉ်ကြံ့ခိုင်မှုမရှိဘဲ…

Read More

မြန်မာအမျိုးသမီးဦးဆောင်တဲ့ အင်္ဂါဂြိုဟ်လေ့လာရေး ရဟတ်ယာဉ်စီမံကိန်းအောင်မြင်

ကယ်လီဖိုးနီးယား ၊ မတ်-၃၁-၂၀၁၉ မျိုးဆက် (VOM)   နာဆာရဲ့ Jet Propulsion Laboratory မှာ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုတွေ လုပ်ဆောင်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်မှာ စူးစမ်းမှုတွေအတွက် ပျံသန်းမယ့် ရဟတ်ယာဉ်စီမံကိန်း အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။   နောက်တစ်ကြိမ်ပျံသန်းမှုကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းနိုင်တော့မှာဖြစ်တယ်လို့ Mars Helicopter project manager ဒေါ်မီမီအောင်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ လက်ရှိအချိန်အထိ အင်္ဂါဂြိုဟ်ပေါ်မှာ Spirit နဲ့ Opportunity ဆိုတဲ့ဂြိုလ်ဆင်းယာဉ်တွေသာ စေလွှတ်လေ့လာနိုင်ခဲ့တာဖြစ်ပြီး ဂြိုဟ်ပေါ်မှာ ရဟတ်ယာဉ်နဲ့ ပျံသန်းလေ့လာဖို့ လုပ်ဆောင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။   ဒါပေမယ့် အင်္ဂါဂြိုဟ်ပေါ်မှာ လက်တွေ့ပျံသန်းနိုင်ဖို့ကတော့ မိုင်ပေါင်းသန်း ၉၀ ကနေ ၆၄၀ ကြားကွာဝေးတဲ့ ကမ္ဘာပေါ်ကနေ ထိန်းချုပ်မောင်းနှင်ဖို့နဲ့ ကမ္ဘာထက်လေထုပါးလွှာပြီး အလွန်အေးခဲ့တဲ့ ရာသီဥတုကြောင့် ရဟတ်ယာဉ်ရဲ့ အီလက်ထရောနစ်ပစ္စည်းတွေ…

Read More

မင်းပြားမြို့မှာ  စစ်ဘေးရှောင်ထောက်ပံ့ပေးရေး ငွေ ၅၀၀ နှင့် ဆန်တစ်ဗူးစီကောက်ခံ

မင်းပြား၊ မတ် ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM)     ရခိုင်ပြည်နယ်၊  မင်းပြားမြို့မှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် မင်းပြားမြို့ လူငယ်ပရဟိတအဖွဲ့က နေအိမ်တစ်အိမ်လျင် ငွေ ၅၀၀ ကျပ်နဲ့ ဆန်တစ်ဗူးနှုန်းစီကောက်ခံနေကြတာဖြစ်ပါတယ်။   အဲ့ဒီကောက်ခံရရှိတဲ့ဆန်နဲ့ငွေတွေကို ရခိုင်ပြည်နယ်မြို့နယ်ခြောက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွေကို ထောက်ပံ့လှူဒါန်းပေးသွားမှာဖြစ်ပြီး လတ်တလောမှာ ရိက္ခာပြတ်လပ်နေတဲ့ စခန်းတွေကို အဓိကကူညီ ပေးသွားမှာဖြစ်ပါတယ်။   “လောလောဆယ်မှာ စခန်းတွေက ရိက္ခာပြတ်မယ့်သဘောရှိနေတယ်။ တချို့စခန်းတွေမှာဆိုရင် ပြတ်နေပြီလို့ကြားတယ်။ အဲ့ဒီကယ်ဆယ်ရေးစခန်းတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် မင်းပြားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်းစုံကလူငယ်တွေစုပြီး ပရိဟိတအဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့ကနေ အိမ်တစ်အိမ်ကို ငွေ ၅၀၀နဲ့ ဆန်တစ်ဗူးစီကောက်နေတာပါ။”လို့ မင်းပြားမြို့ စစ်ဘေးရှောင်ကူညီပေးရေးလုပ်နေတဲ့ ဦးသိန်းဇံကပြောပါတယ်။   လက်ရှိမှာ ရခိုင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်အတွင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းပေါင်း ၄၀ နီးပါးရှိနေပြီဖြစ်ကာ အဲ့ဒီစခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ဦးရ ၁၇၀၀၀ ခန့်ရှိနေပြီး…

Read More

မဲလက်မှတ်မှာ နိုင်ငံရေးပါတီိအလံတွေ ပါတာကို လွှတ်တော်အနေနဲ့ပြန်သုံးသပ်ဖို့လိုအပ်

ရန်ကုန် ၊ မတ် ၃၁ – ၂၀၁၉ စည်ပင်ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ မဲလက်မှတ်ဘေးမှာ နိုင်ငံရေးပါတီအလံထည့်တာ ၊ နိုင်ငံရေးပါတီတွေရဲ့အမည်ကိုသုံးပြီး မဲဆွယ်တာ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေမှာရော၊ ရွေးကောက်ပွဲနည်းဥပဒေမှာပါ ၊ ပြန်သုံးသပ်ဖို့လိုတယ်လို့  ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပြောဆိုပါတယ်။ ” စည်ပင်ရွေးကောက်ပွဲဆိုတာ ဒေသန္တရရွေးကောက်ပွဲဖြစ်တယ်။ ဒီလိုပွဲမှာ ပညာရှင်တွေ တစ်သီးပုဂ္ဂလတွေ ၀င်ပြီးတော့ပြိုင်ကြတယ်။ ဒါကို အာဏာရပါတီ ဒါမှမဟုတ် နိုင်ငံ ရေးပါတီကြီးတစ်ခုအနေနဲ့ သူပါတီအလံ ဆိုင်းဘုတ် သုံးပြီး မဲဆွယ်စည်းရုံးခွင့်ရမယ်ဆိုရင် တစ်သီးပုဂ္ဂလပုဂ္ဂိုလ်တွေ၊ ပညာရှင် ရွေးကောက်ခံပုဂိုလ်တွေအတွက် အခွင့်အလမ်းနည်းစရာဖြစ်နိုင်တယ်။ ဒီနေ့ရွေးကောက်ပွဲမှာ လူထုရဲ့ စိတ်ဝင်စားမှုက သိသိသာသာမြင့်တက်တာမတွေ့ရဘူး။ သိသိသာသာကျဆင်းတယ်လို့သိရတယ်။ ဒါကော်မရှင်ရဲ့ စွမ်းဆောင်ရည် အရေးကြီးတယ်လို့မြင်တယ်။ မဲဆန္ဒရှင်တွေကြား အသိပညာပေး စည်းရုံးရေးပိုင်းမှာ အားနည်းချက်တွေ လိုအပ်ချက်တွေအများကြီးရှိနေတယ်။ နောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့သုံးတဲ့ ဘတ်ဂျက်ကနေ ရလာတဲ့အကျိုးအမြတ် လူထုစိတ်ဝင်စားမှု ကိုက်ညီမှုရှိရဲ့လား ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်။…

Read More

ပျက်သွားတဲ့ ပလက်ဝတံတား သံပေါင်နဲ့ တံတားအစိတ်အပိုင်း လျော်ကြေးရင် အမြန်ဆောက်မည်

ပလက်ဝ မတ် ၃၁-၂၀၁၉ မိုင်ချယ်ရီ (VOM)   အေအေလက်နက်ကိုင်အဖွဲ့ရဲ့  တိုက်ခိုက်မီးရှို့ ဖျက်ဆီးတာကြောင့် ပျက်စီးသွားရတဲ့ သံပေါင်နဲ့ တံတားအစိတ်အပိုင်း တစ်ချို့အတွက် အာမခံထားရှိထားတဲ့ ကုမ္မဏီကနေ လျော်ကြေးငွေ ရရှိတာနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။   သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) အတွက် လိုအပ်တဲ့ သံပေါင် တန်ချိန် ၂၈၆ ဒသမ ၂၃ တန် နဲ့ ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ (၇၁၅၀၀၀) တန်ဖိုး ရှိတဲ့ ပစ္စည်းတွေကို ရန်ကုန်မြို့ကနေ ပလက်ဝမြို့ကို MV ရတနာဝင် ရေယာဉ်နဲ့ သယ်ယူခဲ့ပါကြောင်း အဲ့ဒီလို သယ်ယူရာမှာ IKBZ အာမခံကုမ္မဏီ မှာ ကျပ်ငွေ ၄၁၈၂ ၇၅၀ ဒသမ…

Read More

ကျောက္ကာရေနံချက်ဖိုကုန်းတွင် ၁ ရက်ထဲ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

မုံရွာ မတ် ၃၁-၂၀၁၉ ဗျဂ္ဃ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ၊ ရေနံချက်ဖိုကုန်းမှာ ချက်ဖိုထဲ ရေနံစိမ်းထည့်ရာကနေ ဆီငွေ့နဲ့ မီးတွေ့ကာ ဖြစ်စဉ်တူ မီးလောင်မှု ၂ ကြိမ် မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။   မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ မနက်ပိုင်းလောင်ကျွမ်းမှုမှာ ၁၀ ပေပတ်လည်အဆောက်အဦး ၁ ခု၊ ဓာတ်ဆီ ၅ ဂါလံ ကာလတန်ဖိုး ၂၂၀၀၀ကျပ်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ မီးလန့်မှုအဆင့်သာဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး မရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနက သတင်းတွေမှာ ဖော်ပြထားပါတယ်။   ကျောက္ကာ ရေနံချက်ဖိုကုန်းက နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း မီးလောင်မှုဖြစ်နေကျဖြစ်ကာ တခါတလေ အသက်ဆုံးရှုံးတာတွေလည်း ရှိပါတယ်။ အခုမတ်လ အတွင်းမှာလည်း မီးလောင်မှု ၃ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ အများသောအားဖြင့် ပေါ့ဆမီးတွေဖြစ်ပါတယ်။   “ဌာနအနေနဲ့ကတော့…

Read More

ရာဇဂြိုဟ်ဆည်ရေ ခမ်းခြောက် ဆည်ရေမှီခိုသူတွေ အခက်ခဲဖြစ်

ကလေး မတ် ၃၁-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ရာဇဂြိုဟ်ဆည်ဟာ ခမ်းခြောက်ပြီး တချို့နေရာတွေမှာ ရေမရှိလို့ မြေကြီးတွေ ပက်ကြားအက်တွေဖြစ်ပေါ်နေပါတယ်။ ဆည်ထဲက ရေ မရှိလို့ ဆည်ရေမြောင်းထဲကို ရေမလွှတ်နိုင်တာကြောင့် ရေမြောင်းဘေးနေ ပြည်သူတွေ အခက်အခဲတွေ့နေတာနဲ့ ပတ်သက်လို့ ရာဇဂြိုဟ် ကျေးရွာက ဦးအောင်ကျော် က “ဆည်မြောင်းက ရေမလာတော့ ထမင်းချက်ဖို့ ရေလေးတောင် ၀ယ်သုံးနေရတယ်။ စိုက်ပျိုးရေ အတွက်တော့ ပြောမနေနဲ့တော့။ နွေရာသီ မြောင်းထဲကို ဆည်ရေမလွှတ်နိုင်ဘူးဆိုရင်တော့ ၀ယ်သုံးရတော့မှာပေါ့” လို့ ပြောပါတယ်။   ဒီလိုဖြစ်တာဟာ သိုလှောင်ရေကို လျော့ချလိုက်တာကြောင့် ဆည်ရေခမ်းခြောက်ရတာ ဖြစ်တယ်လို့ ရာဇဂြိုဟ်ဆည်တာဝန်ခံ ဦးမျိုးထွန်း က ပြောပါတယ်။ “ရေလျော့ထားတယ်ဆိုတာ ရေ၀င်ပေါက် ကို နည်းနည်းလေး ပြုပြင်နေတာ။ ဘာလို့ဆို မိုးစပါး နဲ့ လျှပ်စစ်…

Read More

တောမီးကြောင့် လူ ၂ ဦးသေဆုံး

ကနီ မတ် ၃၁-၂၀၁၉ ဗျဂ္ဃ(VOM)   စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်တန်းပေါ်မှာ တောမီးကြောင့် လူ ၂ ဦးနေရာတင် သေဆုံးမှု မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။   ဖြစ်စဉ်မှာ ကနီမြို့နယ်၊ ပါဟဲမြောက်ရွာကနေ သူငယ်ချင်း ၆ ယောက် တောထဲကို သွားကြတာမှာ ကြောက်အားလန့်အားနဲ့ထွက်ပြေးကြပြီး ဒီထဲက၂ ယောက်က သစ်ပင်ပေါ်တက်ပြေးရာက သစ်ပင်ပါ မီးကူးစက်ကာ လူပါမီးလောင်ကျွမ်းပြီး သေးဆုံးခဲ့ကာ ၂ ယောက်မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာ ရခဲ့သလို နောက် ၂ ယောက်တော့ ပြင်ပဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။   “ဦးတို့ရွာမှာ ဒါမျိုး မဖြစ်ဖူးဘူး။ အခုသေတဲ့ ၂ ယောက်က ရဲထက်နှင့် အောင်ကျော်မင်း။ ၂ ယောက်လုံး အိမ်ထောင်ရှိကြတယ်။…

Read More

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ ပြင်ဆင်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် ၊ မတ် ၃၀-၂၀၁၉ TGH(VOM)   ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းဖို့  ပြင်ဆင်နေမှု  ၅၀ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီဖြစ်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။   လာမယ့်  အောက်တိုဘာလမှာ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ(မူကြမ်း) တင်သွင်းသွားမှာဖြစ်ပြီး ဒီလို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင်UNESCO ၊နိုင်ငံတကာပံ့ပိုးကူညီမှုတွေနဲ့အတူ ပြည်တွင်း၊ပြည်ပ ပညာရှင်တွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။   “ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပြင်ဆင်နေတာ ၅၀ ရာခိုင်နှုန်းတော့ ပြီးစီးနေပြီ။ ဟိုဘက်က လာပြီးစစ်ဆေးတဲ့အခါ ကိုယ်တွေဘက်က တင်သွင်းတဲ့ အချက်အလက်နဲ့ ကိုက်ညီမှုရှိလို့ရှိရင် ၇၅ ရာခိုင်နှုန်းလောက်က သေချာသွားပြီ။ ကျန်တဲ့ရာခိုင်နှုန်းကတော့ သူတို့ရွေးတဲ့အပေါ် မူတည်ပါတယ်”လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ပြောခွင့်ရသူ  ဦးနောင်းနောင်းဟန်က ပြောပါတယ်။   ဒါ့အပြင်…

Read More
VOM News

FREE
VIEW