မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ ပြင်ဆင်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် မတ် ၃၀-၂၀၁၉

TGH(VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းဖို့  ပြင်ဆင်နေမှု  ၅၀ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီဖြစ်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

 

လာမယ့်  အောက်တိုဘာလမှာ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ(မူကြမ်း) တင်သွင်းသွားမှာဖြစ်ပြီး ဒီလို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင်UNESCO ၊နိုင်ငံတကာပံ့ပိုးကူညီမှုတွေနဲ့အတူ ပြည်တွင်း၊ပြည်ပ ပညာရှင်တွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပြင်ဆင်နေတာ ၅၀ ရာခိုင်နှုန်းတော့ ပြီးစီးနေပြီ။ ဟိုဘက်က လာပြီးစစ်ဆေးတဲ့အခါ ကိုယ်တွေဘက်က တင်သွင်းတဲ့ အချက်အလက်နဲ့ ကိုက်ညီမှုရှိလို့ရှိရင် ၇၅ ရာခိုင်နှုန်းလောက်က သေချာသွားပြီ။ ကျန်တဲ့ရာခိုင်နှုန်းကတော့ သူတို့ရွေးတဲ့အပေါ် မူတည်ပါတယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ပြောခွင့်ရသူ  ဦးနောင်းနောင်းဟန်က ပြောပါတယ်။

 

ဒါ့အပြင်  အီတလီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(AICS)က အီတလီနိုင်ငံအစိုးရ ထောက်ပံ့တဲ့ ယူရိုတစ်သန်းကို မြောက်ဦးဒေသမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းဖို့ နည်းပညာသင်တန်းပေးတာတွေနဲ့ လိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေအတွက် ကူညီခြင်း၊ အခြေခံပညာကျောင်းတွေကို သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းလှူဒါန်းပေးခြင်း၊ ဒေသခံအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုစီးပွားဘဝ တိုးတက်လာစေရေးတို့အတွက် NGO အဖွဲ့တွေကိုပါ အထောက်အပံ့ပေးတာတွေကို  ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

 

မြောက်ဦးဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရနိုင်ရန် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW