အမြန်လမ်းပေါ် ဖြတ်သန်းသွားလာဖို့မသင်တဲ့ ကားတွေကို ဧပြီလကစပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့ရှိ

ရန်ကုန် ၊မတ် ၃၁ -၂၀၁၉

TGH(VOM)

ရန်ကုန် မန္တလေး အမြန်လမ်းပေါ် ဖြတ်သန်းသွားလာဖို့မသင်တဲ့ ကားတွေကို ဧပြီလကနေစပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )ပြောခွင့်ရ  ရဲမှူးဇာနည်မောင်ကပြောပါတယ်။

“ကားအားလုံးကိုရည်ညွှန်းတယ်။ လိုက်ထရပ်ရယ်မဟုတ်ဘူး။ ယာဉ်ကြံ့ခိုင်မှုမရှိရင် ဖြတ်သန်းခွင့်မပေးတော့ဘူးပေါ့။ ၄ လပိုင်း ၄ ရက်နေ့မှ သိရမယ်။ ကျွန်တော်တို့ကတော့ ၀ိုင်းဝန်းကူညီတာလုပ်ရမှာပေါ့။ ကျွမ်းကျင်သူတွေက စစ်ဆေးမယ်။ ဒီဝိတ်နဲ့ ဒီလမ်းမသွားသင့်ဘူးဆိုတာမျိုးပေါ့။ ဟိုက်လတ်ကားဆို ကားတာယာပွင့်ပြီး လူတွေသေကြတယ်။ အဲ့နောက်ပိုင်းကစပြီး ယာဉ်ကြံ့ခိုင်မှုစစ်မယ်၊ မကောင်းရင် မလွှတ်တော့ဘူးဆိုပြီး အစည်းအဝေးမှာ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့ကနေ ဆုံးဖြတ်လိုက်တာ။ အဲ့ဒီနောက်ပိုင်း ယာဉ်က အမြန်လမ်းပေါ်သွားဖို့မသင့်တော်ရင် ဘယ်ကားပဲဖြစ်ဖြစ် ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးး ။အစည်းဝေးဆုံးဖြတ်ချက်ကထွက်ပြီး တရားဝင်မလုပ်ရသေးတာပဲရှိတယ်။ ယာဉ်စစ်ဆေးတာကတော့ ကညန ကျန်တဲ့ ဆက်စပ်မိတ်ဖက်အဖွဲ့တွေပါ မှာပေါ့။”လို့ ရဲမှူးဇာနည်မောင်က ပြောပါတယ်။

ယာဉ်ကြံ့ခိုင်မှုမရှိဘဲ မောင်းနှင်တာတွေကြောင့် အမြန်လမ်းမှာ ခရီးသည်တင်  Express ကားတွေ နဲ့ လိုက်ထရပ်ကားတွေ စသဖြင့် ယာဉ်မတော်တဆမှုတွေဖြစ်ပွားနေပါတယ်။ဒီလို ဖြစ်ပွားမှုတွေထဲမှာ လိုက်ထရပ်ကား ယာဉ်မတော်တဆမှုနဲ့ express ကားယာဉ်မတော်တဆမှုအများဆုံးဖြစ်နေပါတယ်။ဒါကြောင့် လာမယ့် ဧပြီလမှာတော့ ယာဉ်ကြံခိုင်မှုမရှိတဲ့ကားတွေကို အမြန်လမ်းပေါ်ဖြတ်သန်းသွားလာခွင့်ပြုတော့မှာမဟုတ်ဘူးလို့ အစည်းဝေး ဆုံးဖြတ်ချက်တွေအရသိရတယ်လို့ ဆိုပါတယ်။

ခုနောက်ပိုင်းမှာ ယာဉ်တော်တော်များများက ယာဉ်ကြံ့ခိုင်မှုမရှိဘဲ အမြန်လမ်းပေါ်မောင်းနှင်တာတွေ ၊ အမြန် လမ်းနဲ့ မောင်းနှင်မှုအတွေ့အကြုံမရှိဘဲ မောင်းနှင်မှုတွေကြောင့် ယာဉ်မတော်တဆမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ် ။ နောက်ပြီး လတ်တလောက ခရီးသွားရာသီဖြစ်တဲ့အတွက် ဘုရားဖူး လိုက်ထရပ်ယာဉ်တွေ အများဆုံးမောင်းနှင်မှုရှိနေတယ်လို့ သိရပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးတွေအနေနဲ့ ကြံ့ခိုင်မှုမရှိတဲ့ယာဉ်တွေကို အမြန်လမ်းပေါ် ဖြတ်သန်းသွားလာခွင့်မပြုဖို့ တရားဝင်ညွှန်ကြားစာ မကျခင်ကာလအတွင်း အသိပညာပေးမှုအပိုင်းလုပ်ဆောင်နေသလို ယာဉ်တွေဘက်က တောင်းခံလာတဲ့အကူအညီတွေကိုလည်း ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ နေ့စဉ်ယာဉ်အစီးရေ ၂ဝဝဝဝ ၀န်းကျင်ဖြတ်သန်းသွားလာ နေပြီး ဒီလိုဖြတ်သန်းသွားလာနေတဲ့ယာဉ်တွေကို  အရှိန်ပြင်းမောင်းနှင်မှုမရှိစေဖို့ တယ်လီမက်တစ်စနစ်တ ပ်ဆင်စောင့်ကြည့်ထိန်းချုပ်မှုပြုလုပ်ထားပါတယ်။

#voiceofmyanmar #အမြန်လမ်း

Related posts

Leave a Comment

VOM News

FREE
VIEW