အင်ဒိုအစိုးရက ဆန်စပါးတင်ဒါခေါ်ယူရာမှာ မြန်မာကုမ္ပဏီတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကမ်းလှမ်း

ရန်ကုန် မတ် ၇-၂၀၁၉

သစ်တော် (VOM)

 

အင်ဒိုနီးရှားနိုင်ငံက ဆန်စပါးဝယ်ယူဖို့်အတွက် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်တင်ပို့မယ့် ကုမ္ပဏီတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးပြောပြတာကတော့ ” အင်ဒိုနီးရှားနိုင်ငံဘက်ကနေ နောင်တင်ဒါ ခေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အောက်မှာရှိနေတဲ့ Exporter ကုမ္ပဏီတွေအနေနဲ့ တင်ဒါမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကိုလည်း အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းထားတွေရှိတယ်။ တင်ဒါက ဘယ်အချိန်ခေါ်မယ်ဆိုတာ အတိအကျမသိသေးပါဘူး’ လို့ပြောပါတယ် ။

 

အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံကြား တစ်နှစ်မှာ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်း ကျင်ရှိပေမယ့် မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်သည့် ပမာဏနည်းပါးနေတယ်လို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့တဲ့ အမယ်တွေထဲက ဆန်စပါးကို တိုးချဲ့တင်ပို့နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးဆက်လက်ပြောပြတာကတော့

“အဓိကတော့ ကုန်ပစ္စည်း ရောင်းတယ်ဝယ်တယ်ဆိုတာ ကိုယ့်ဘက်က တွက်ချေကိုက်မယ်၊ သူတို့ဘက်ကလည်း တွက်ချေကိုက်မှပဲ ဝယ်မှာလေ အဲ့ဒါကြောင့် ကိုယ့်ဘက်ကလည်း ရောင်းနိုင်ဖို့ ပြင်ဆင်ရမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ထုတ်လုပ်မှုစရိတ်မြင့်တာ ပြည်တွင်း ဆန်ဈေးမြင့်လိုဆိုပြီး နိုင်ငံခြားကို လျောလျောလျူလျူ တင်ပို့နိုင်ခြင်းမရှိရင် ပြည်တွင်းမှာ ပိုလျံပြီး ဈေးနှုန်းတွေ ကျဆင်းရင် တောင်သူတွေအတွက် ဝင်ငွေနည်းတာဖြစ်နိုင်တယ် လို့ပြောပါတယ်။

 

တင်ဒါခေါ်ယူလို ဝင်ရောက်တဲ့အခါ ပြည်တွင်း ထုတ်လုပ်မှုကုန်စရိတ်နဲ့ တွက်ခြေကိုက်မှသာ အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ပြည်တွင်း Exporter ကုမ္ပဏီတွေအနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar#အင်ဒိုနီးရှား#ဆန်စပါးတင်ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW