နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တမူးခရီးစဉ် ပျက်

တမူး မတ် ၇-၂၀၁၉

သစ်တော် (VOM)

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နံနက်ပိုင်းမှာ တမူးမြို့ကိုလာရောက်ဖို့ ရှိပေမယ့်ရာသီဥတုကြောင့် ခရီးစဉ် ရပ်ဆိုင်းခဲ့ရတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးမြင့်ဇော်က ပြောပါတယ်။

 

”ရာသီဥတုမကောင်းလို့ ခရီးစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ် ထမံသီကနေ မုံရွာပြန်​သွားတယ်​​” လို့ ဦးမြင့်ဇော်ကပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟုမ္မလင်းမှာ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး ဒီနေ့ မနက် တမူးမြို့မှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားတာဖြစ်ပါတယ်။

 

မြို့ခံပြည်သူတွေကတော့ နံနက်အစောပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေးဗီနိုင်းတွေ ကိုင်ဆောင်ပြီး စောင့်ကြိုနေခဲ့ကြတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW