ရုရှားသမ္မတပူတင် လာမယ့်လမှာ တရုတ်ကိုသွားရောက်မယ်လို့ အတည်ပြု

မော်စကို ၊ စက်တင်ဘာ-၂၁-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ လာမယ့်လအတွင်း တရုတ်နိုင်ငံကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလမှာ တရုတ်နိုင်ငံကိုလာရောက်ဖို့ တရုတ်သမ္မတရှီကျင်းပင်းရဲ့ ဖိတ်ကြားချက်ကို လက်ခံကြောင်း၊ ပိုးလမ်းမသစ်စီမံကိန်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နဲ့တိုက်ဆိုင်ပြီး တရုတ်ကိုသွားမှာဖြစ်ကြောင်းပူတင်ကပြောပါတယ်။

တရုတ်သမ္မတရှီကျင်းပင်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက ရုရှားကိုသွားရောက်ခဲ့ပြီး ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာ ဖိုရမ်မှာပါဝင်ဖို့ ပူတင်ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကျင်းပသွားဖွယ်ရှိနေပါတယ်။

တကယ်လို့ ပူတင်ရဲ့တရုတ်ခရီးစဉ် သွားရောက်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ပူတင်ရဲ့ ပထမဆုံးသော တရုတ်ခရီးစဉ်ဖြစ်ပါတယ်။

ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေ ပြင်းထန်နေချိန်မှာ ရုရှားသမ္မတပူတင်ဟာ တရုတ်နဲ့ဆက်ဆံရေးခိုင်မာအောင်လုပ်ဖို့ ရည်ရွယ်နေကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #RussianPresident #Putin #visitChina #inoctoberwewearpink

Related posts

VOM News

FREE
VIEW