တီဟီရန်၊ စက်တင်ဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)
အီရန်ပါလီမန်ဟာ ၀တ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေ ကိုချိုးဖောက်တဲ့ အမျိုးသမီးတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တိုးမြှင့်တဲ့ အငြင်းပွားဖွယ်ဥပဒေ ဥပဒေကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။
အမျိုးသမီးတွေ မလျော်မကန်၀တ်စားဆင်ယင်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ့ ဥပဒေကို သုံးနှစ်ကြာ စမ်းသပ်ကျင့်သုံးဖို့ ပါလီမန်က သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဥပေဒအဖြစ် တရား၀င်သက်၀င်စေဖို့ အတွက် အီရန်ဥပဒေပြုကောင်စီက အတည်ပြုဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ မလျော်မကန်၀တ်စားတဲ့ အမျိုးသမီးတွေကို ထောင်ဒဏ် ၁၀ ရက် သို့မဟုတ် နှစ်လအပြင် ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး ပြစ်ဒဏ်တွေတိုးမြင့်တဲ့ ဥပဒေကြမ်းကို ပါလီမန်မှာ ထောက်ခံမဲ ၁၅၂ မဲ၊ ကန့်ကွက်မဲ ၃၄ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
မလျော်မကန် ၀တ်ဆင်တယ်ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် မာရှာအမ်မီနီ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တနှစ်အကြာမှာ လက်ရှိ ဥပဒေပြဌာန်းချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အဲဒီအမျိုးသမီး သေဆုံးမကြောင့် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် ရာနဲ့ချီ သေဆုံးခဲ့ပြီး ထောင်နဲ့ချီဖမ်းဆီးခံခဲ့ရကာ ဆန္ဒြုပသူတွေအပေါ်အင်အား အလွန်အကျွံအသုံးပြုတာနဲ့ပတ်သက်ပြီါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိကြောင်း နိုင်ငံတကာက ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #တီဟီရန်