အောက်တိုဘာ ၂၇၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်မယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ နမ့်ခမ်းမြို့တွေမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ရပ်ကွက်ထဲ လက်နက်ကြီး ကျကွဲလို့ ကျည်စတွေ ထိမှန်ကာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဟုတ်တယ်။ ရပ်ကွက် ၄ မှာ ကျတယ်။ ၂ ယောက် သေဆုံး ၅ ယောက် ဒဏ်ရာရတယ်။ ကွတ်ခိုင်ဆေးရုံ ပို့နေတယ်။ အသက် ၇ နှစ်အရွယ်ကလေးနဲ့ အသက် ၃၀ ကျော် အရွယ်အမျိုးသမီး သေဆုံးသွားတယ်” လို့ ဒေသ ခံ တဦးက ပြောပါတယ်။
နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးသွားပြီး ထိခိုက်သူတွေနဲ့ သေဆုံးသူတွေက မိသားစု ၂ စု ဖြစ်တယ် လို့ ဆိုပါတယ်။
“နမ့်ခမ်းက ကလေးထိတာ။ စားစရာတွေလည်း သုံးရက်စာ စုထားဖို့ အပြင်မထွက်ကြဖို့ ပြောနေတယ်။” လို့ ဒေသခံ အမျိုးသား ၁ ဦးကပြောပါတယ်။
နမ့်ခမ်း သာယာကုန်းဘက် စစ်တပ်နားက အိမ်က မှောင်နှမ ကလေး အသက် ၈ နှစ် အရွယ် နဲ့ ၁၂ နှစ် အရွယ် နှစ်ဦးသေဆုံးပြီး အငယ်ဆုံး ၅နှစ် အရွယ် ကလေးက ထိခိုက် ဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့က စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ဒီကနေ့ အောက်တိုဘာ ၂၇ ဂက်နေ့ မနက် အစောပိုင်းကမြောက်ပိုင်း မဟာမိတ် ညနောင်တွေဖြစ်တဲ့ MNDAA, TNLA, AA ပူးပေါင်း အဖွဲ့တို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
Photo Crd# Original Uploader
#voiceofmyanmar #VOM #နမ့်ဖတ်ကာ #လက်နက်ကြီးကျ