ကုလသမဂ္ဂ၊ နိုဝင်ဘာ-၉-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာပဋိပက္ခမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဟားမတ်စ်တို့က ဓါးစာခံတွေကို ဆက်လက်ဖမ်းဆီးထားမှုတွေနဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအရပ်သားတွေ သေဆုံးနေကြတာကို ကိုးကားပြီး လူ့အခွင့်အရေးမဟာမင်းကြီးက စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဂါဇာမှာ အရပ်သားသေဆုံးမှုမြင့်တက်လာတာဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ တခုခုမှားယွင်းနေတာကို ပြသနေတာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။
ဂါဇာကမ်းမြှောင်တောင်ပိုင်းကိုသွားဖို့ အဓိကလမ်းမကြီးကို အစ္စရေးကဖွင့်ပေးလိုက်တာကြောင့် ပါလက်စတိုင်း ငါးသောင်းကျော်ဟာ ဂါဇာမြို့ကနေ မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထွက်ခွာသွားပြီလို့အစ္စရေးက ပြောပါတယ်။
ဂါဇာမြောက်ပိုင်းမှာ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်မှု မရှိတော့တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးနေကြတာလို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ သေဆုံးခဲ့ပါတယ်။
ဂါဇာမှာတော့ အစ္စရေးရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် ၄၃၀၀ ကျော်အပါအဝင် လူပေါင်း တသောင်းကျော်ထိ ရှိနေကြောင်းသိရပါတယ်။
Ref:BBC
Photo:Reuters