ဆီးရီးယားအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ စစ်ဘက်အဆောက်အအုံတွေကို အမေရိကန်တိုက်ခိုက်

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်စစ်တပ်ဟာ ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ဆက်နွယ်နေတဲ့ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ဒီအဆောက်အအုံတွေထဲမှာ အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေ အသုံးပြုတဲ့ အဆောက်အအုံတွေပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဆိုပါတယ်။

အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေအပေါ် ဆက်လက်တိုက်ခိုက်နေတဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲကတခုဟာ လေ့ကျင့်ရေးအဆောက်အအုံတခုဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၉ ရက်ထိ ဆီးရီးယားနဲ့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေ ၄၆ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန်စစ်တပ်ဟာ အောက်တိုဘာ ၂၆ ရက်နဲ့ နိုဝင်ဘာ ၈ ရက်တို့ကလည်း ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Ref:NHK

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW