လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကြားသေးမီရက်ပိုင်းအတွင်း ထိခိုက်သေးဆုံးတဲ့ ကလေးသူငယ် ၂၀ ကျော်ထိ ရှိလာ

 

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃

SP ( VOM)

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်နဲ့ ဒေသတွင်း လက်နက် ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်အသုံးပြုတာကြောင့် အရပ်သား ကလေးသူငယ်တွေ ထိမှန်သေဆုံးရတယ်လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ နိုဝင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် ၊ ဇီးဖြူရွာမှာ မိသားစုလေးယောက်နေထိုင်တဲ့ အိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ တစ်နှစ်အရွယ် ကလေးတယောက်နဲ့ ၁၂ နှစ်အရွယ် ကလေးတယောက် ထိမှန်သေဆုံးတယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ အလယ်တောရွာနဲ့ အင်းတိန်ရွာ ၊ ပိန္နဲရွာ (ရေဝ) ဘက်မှာ နိုဝင်ဘာ ၁၄ ရက်က လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ လူ ၁၁ ယောက်သေတယ် ၊ အဲ့ဒီထဲမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်လည်းပါတယ် ၊ နောက်ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ ဆင်ကြီးပြင်ရွာမှာလည်း နိုဝင်ဘာ ၁၄ ရက်က လက်နက်ကြီး ပေါက်ကွဲလို့ လူ သုံးဦးသေဆုံးတယ် ၊ အဲ့ဒီထဲမှာ ကလေးငယ် လေးယောက်က အသက်အန္တရာယ်စိုးရိမ်ရ ပြင်ထန်ဒဏ်ရာရတယ် ၊ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ၊ ထရွန်အိုင်ရွာ တိုက်ပွဲမှာလည်း ကလေးသူငယ် နှစ်ယောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိမှန် သေဆုံးတယ် ၊ အဲ့ဒီအပြင် ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင် ၊ ရိဒ်ခေါဒါရ် တိုက်ပွဲမှာလည်း ကလေးသူငယ် တယောက် သေဆုံးပြီး ကလေးတယောက် ဒဏ်ရာရထားတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ရက်ပိုင်းက နမ့်ခမ်းမြို့ စခန်းသစ်ကုန်းမှာလည်း ကလေးနှစ်ယောက် လက်နက်ကြီး ထိမှန်သေဆုံးပြီး ၊ ကလေးတယောက်နဲ့ မိခင်ဖြစ်သူ ဒဏ်ရာရတယ် ” လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ကောလင်း ၊ ထီးချိုင့် တိုက်ပွဲ ၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို ၊ ကျောက်မဲ ၊ သိန္နီ ၊ နမ့်ခမ်း ၊ ကွက်ခိုင်မြို့နယ် တိုက်ပွဲ ၊ ချင်းပြည်နယ် ၊ ရိခေါဒါရ် နဲ့ ပလက်ဝနယ် တိုက်ပွဲ ၊ ရခိုင်ပြည်နယ် မင်းပြား ၊ ရသေ့တောင် နယ် တိုက်ပွဲ ၊ ကယားပြည်နယ် လွိုင်ကော် တိုက်ပွဲ ၊ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးစတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် အရပ်သား ကလေးသူငယ်တချို့ ထိမှန် သေဆုံး ၊ ဒဏ်ရာရလို့ ဒီရက်ပိုင်းအတွင်း သေဆုံးသူ ကလေး ၂၀ ကျော်နဲ့ ဒဏ်ရာရသူ ကလေး ၅၀ ဝန်းကျင်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၁ မေလကနေ ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ နှစ်ဘက်တိုက်ပွဲတွေကြားမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ထိမှန်တာနဲ့ သွားရင်း လာရင်း မိုင်းပေါက်ကွဲလို့ ထိမှန် သေဆုံရတဲ့ကလေးသူငယ်ပေါင်း ၂၃၀ ကျော်ရှိတယ် ၊ ဒိအပြင် ထိခိုက်ဒဏ်ရာရလို့ ကိုယ်အင်္ဂါ အစိပ်အပိုင်းတွေ ပျက်စီးရတဲ့ ကလေးသူငယ်က တရာကျော်ရှိတယ်လို့ သိရတယ် ၊ ဒါ့အပြင် အဲ့ဒီ အရေးအတွက်ဟာ သတင်းဖြစ်စဥ် ကိန်းဂဏန်းအရ မှတ်တမ်းပြုစုထားတဲ့ အရေအတွက်ဖြစ်ပြီး ၊ မြေပြင် ဖြစ်စဥ် အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ် ” လို့ တိုက်ပွဲသတင်းတွေအကြောင်း လေ့လာ မှတ်တမ်းပြုစုနေတဲ့ ပရဝိတ သမား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ကာလမှာ သွားရင်းလာရင်း မိုင်းပေါက်ကွဲလို့နဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေကြောင့် ထိခိုက် သေဆုံး ၊ ဒဏ်ရာရတဲ့ ကလေးသူငယ် စာရင်းမှတ်တမ်းမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဖြစ်စဥ်အများဆုံး ပါဝင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မုံရွာ ဒေသခံ တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW