ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၃
မျိုးဆက်(VOM)
ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကို တုံ့ပြန်ဖို့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်က ကြေညာလိုက်ပါတယ်။
လွတ်လပ်စွာ သွားလာခွင့်ရဲ့ အခြေခံမူဝါဒကို ထိန်းသိမ်းဖို့နဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်သွားမှာလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
၁၀ နိုင်ငံ ညွှန့်ပေါင်းအဖွဲ့မှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊နော်ေ၀ ၊ ဆေရှဲ နဲ့ စပိန်တို့ပါဝင်တယ်လို့ အော်စတင်ကပြောပါတယ်။
အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်က ဟူသီသူပုန်အဖွဲ့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံမှုအဖြစ် ပင်လယ်နီကို ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောနဲ့ အခြားသင်္ဘောတွေကို အရှိန်မြှင့်တိုက်ခိုက်နေပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပိုမိုပေးပို့ခွင့်ပြုတဲ့ထိ ပင်လယ်နီကနေ အစ္စရေးကိုသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့က အခိုင်အမာပြောဆိုထားပါတယ်။
Ref:AFP
Photo:Reuters