ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား အတည်ပြု

 

ပြုံးယမ်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နေ့က ဟွာဆောင်-၁၈ လောငျစာခဲသုံံး တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစား ကို စမ်းသပ်ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအန်နဲ့ သမီးဖြစ်သူတို့ ကြည့်ရှုခဲ့ပြီး မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်က မှားယွင်းစွာချခဲ့မယ်ဆိုရင် ရွေးချယ်မှုမှန်သမျှကို ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာ ပြသတာဖြစ်ကြောင်း ကင်ဂျုံအန်က သတိပေး ပြောဆိုပါတယ်။

ဒုံးကျည်ဟာ ၇၃ မိနစ်ကြာ ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းရှိ ပစ်မှတ်တစ်ခုကို တိကျစွာ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ဟွာဆောင်-၁၈ ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံး လောင်စာခဲသုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ယခုနှစ်ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

ပဲ့ထိန်းဒုံးနည်းပညာကို အသုံးပြုခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်ခတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ရှုတ်ချထားပြီး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးဖို့ တောင်းဆိုထားပါတယ်။

Ref:NHK

Photo: KCNA

 

Related posts

Leave a Comment

VOM News

FREE
VIEW