ကင်ဂျံအန်ရဲ့ အရိုက်အရာကို သမီးဖြစ်သူ ကင်ဂျူုအေး ဆက်ခံနိုင်ခြေမြင့်မား

 

 

ဆိုးလ်၊ ဇန်နဝါရီ-၅-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ စစ်ရေးပြအခမ်းအနားတွေကို လိုက်ပါလေ့ရှိတဲ့ မြောက်ကိုရီးယာေးခါင်းဆောင် ကင်ဂျုံအန်ရဲ့ သမီးဖြစ်သူဟာ သူ့အရိုက်အရာကို ဆက်ခံဖို့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

ကင်ဂျူအေးကို မြောက်ကိုရီးယာခေါင်းဆောင် ကင်ဂျုံအန်ရဲ အရိုက်အရာဆက်ခံသူဖြစ်နိုင်ခြေအရှိဆုံးသူအဖြစ် တောင်ကိုရီးယား အမျိုးသာထောက်လှမ်းရေးဌာနက ပထမဆုံးအကြိမ် ယူဆထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ ရာထူးဆက်ခံရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတာ အားလုံးကို ထည့်သွင်းစဉ်းစားနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ဆိုပါတယ်။

ကင်ဂျူအေးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဒုတိယမြောက်ကလေးဖြစ်နိုင်ပြီး အသက် ၁၀ နှစ်ဝန်းကျင်ရှိပြီလို့ ယူဆရပါတယ်။ ကင်ဂျုံအန်ရဲ့ သမီးဖြစ်သူ ကင်ဂျူအေးဟာ ဆက်ခံသူဖြစ်နိုင်ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယောင်ဟိုကလည်း ပြီးခဲ့တဲ့လက သုံးသပ်ပြောဆိုထားပါတယ်။

သူမဟာ နိုဝင်ဘာလအတွင်းက ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုနဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေမှာ ဖခင်ဖြစ်သူကင်ဂျုံအန်နှင့်အတူ လိုက်ပါကြည့်ရှုခဲ့ပြီး လူမြင်ကွင်းမှာလည်း ဖခင်ဖြစ်သူနဲ့အတူ မကြာခဏထွက်ပေါ်လေ့ရှိသူဖြစ်ပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW