မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို အမြောက်ကျည် ၂၀၀ ကျော်နဲ့ ပစ်ခတ်၊ ရန်စတဲ့လုပ်ရပ်လို့ တောင်ကိုရီးယားပြော

 

ဆိုးလ်၊ ဇန်နဝါရီ-၅-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကနေ အမြောက်ကျည် ၂၀၀ ကျော်နဲ့ တောင်ကိုရီးယား ယွန်ပြောင်းကျွန်းဘက်ကို ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားက ကျွန်းပေါ်ရှိ အရပ်သားတွေကို ဘေးလွတ်ရာကို ချက်ချင်းပြောင်းရွှေ့ဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် ပစ်ခတ်မှုနဲ့ ဆက်နွယ်ခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။

တောင်ကိုရီးယားကတော့ ဒီလုပ်ရပ်ကို ရှုတ်ချထားပြီး ဒါဟာ ရန်စတာလို့ ပြောပါတယ်။၂၀၁၀ ခုနှစ်အတွင်းကလည်း မြောက်ကိုရီးယားဟာ ယွန်ပြောင်းကျွန်းကို အကြိမ်ပေါင်းများစွာပစ်ခတ်မှုကြောင့် လူလေးယောက်သေဆုံးခဲ့ပါတယ်။

ဒီတခါပစ်ခတ်မှုကတော့ ဒေသစံတော်ချိန်နံနက် ၉ နာရီကနေ ၁၁ နာရီအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး အမြောက်ကျည်တွေဟာ နှစ်နိုင်ငံကြားခံဇုန်အတွင်း ကျရောက်ခဲ့တာကြောင့် တောင်ကိုရီးယားဘက်ကို ကျရောက်ခဲ့ခြင်းမရှိပါဘူး။

ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားပြည်သူတွေနဲ့ စစ်တပ်ကို ထိခိုက်မှုမရှိပေမယ့် ဒီလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာဖြစ်ပြီး တင်းမာမှုတွေ တိုးလာစေတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေးဖြစ်ပွာနိုင်တဲ့စစ်ပွဲအတွက် စစ်တပ်နဲ့ လက်နက်တိုက်ကို အသင့်ပြင်ထားကြောင်း ကင်ဂျုံအန်က သတိပေးပြောဆိုပြီးနောက် အခုလိုက် အမြောက်တွေနဲ့ ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား ဆက်ဆံရေးတိုးတက်စေဖို့ရည်ရွယ်ထားတဲ့ စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယားက ပြီးခဲ့တဲ့လမှ အပြည့်အဝရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

Ref:BBC

Photo:AP/PBS

Related posts

Leave a Comment

VOM News

FREE
VIEW