ယီမင်ရှိ ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်က လေကြောင်းတိုက်ခိုက်

 

ဝါရှင်တန်၊ ဇန်နဝါရီ-၁၂-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်ရှိ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို ဇန်နဝါရီ ၁၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလကတည်းက ပင်လယ်နီဒေသမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ပြောင်ပြောင်တင်းတင်းရန်စမှုတွေအတွက် ကြီးလေးတဲ့ ပေးဆပ်မှုနဲ့ ကြုံတွေ့ရမယ်လို့ ဟူသီလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုပါတယ်။

ဗြိတိန်လေတပ်မှ တိုက်လေယာဉ်တွေဟာ ဟူသီတို့ရဲ့စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် ကူညီပေးခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ခ်က ပြောပါတယ်။

တိုက်ခိုက်မှုကို အကန့်အသတ်နဲ့လုပ်ဆောင်ခဲ့ပြီး ကာကွယ်မှုအရ လိုအပ်ကာ အချိုးကျတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း သူကပြောပါတယ်။

နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ဘာရိန်းတို့ကလည်း မစ်ရှင်ရဲ့ တစိတ်တပိုင်းအဖြစ် ပံ့ပိုးကူညီခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဆိုပါတယ်။

ဟူသီသူပုန်အဖွဲ့ဟာ ယီမင်ရှိ ဒေသအများအပြားကို ထိန်းချုပ်ထားပြီး ဟားမတ်စ်တို့ကို ထောက်ခံမှုပြသတဲ့ အနေနဲ့ အစ္စရေးသို့ ဦးတည်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

Ref:BBC

Photo:Reuters/Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW