(၁)နှစ်ကျော်နီးပါး ပိတ်ထားတဲ့ ‌မြို့တော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ ပြန်ဖွင့်

 

မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၄

Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကနေ ပိတ်ထားခဲ့တဲ့ မြို့တော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံတို့ မနေ့ ဇန်နဝါရီ(၁၈)က စပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ‌အဲ့ဒီဆေးရုံတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီဆေးရုံတွေနဲ့ နီးစပ်သူ(၁)ဦးက

” ဟုတ်ပါတယ် မနေ့ ဇန်နဝါရီ(၁၈)က ပြန်ဖွင့်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော်နီးပါးကြာသွားပါတယ်၊ အခုတော့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးနေပါတယ်”လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ စတာတွေကို သက်ဆိုင်ရာက ယာယီပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပိတ်သိမ်းထားတဲ့အထဲက မြို့တော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ နဲ့ စိန်ပန်းဆေးရုံ တို့ကတော့ ပြန်လည်ဖွင့်လှစ်နေပြီး နန်းတော်ဆေးရုံကတော့ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်၂၀၂၃ သြဂုတ်လ ၂၅ ရက်နေ့က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၅၈ လမ်းထောင့်က ပုဂ္ဂလိကပိုင် မင်္ဂလာဆေးရုံကို CDM ဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုပြီး သက်ဆိုင်ရာက သုံးလကြာ ယာယီပိတ်ထားခဲ့တဲ့နောက် ၂၀၂၄ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW