ထိုင်းဘုရင်စနစ်ကို အသရေဖျက်တဲ့ အမျိုးသား ထောင်နှစ် ၅၀ ကျ

ဘန်ကောက်၊ ဇန်နဝါရီ-၁၉-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဘုရင်စနစ်ကို အသရေဖျက်တယ်ဆိုကာ အမျိုးသားတယောက်ကို ထိုင်းတရားရုံးက ထောင်ဒဏ် နှစ် ၅၀ ချမှတ်လိုက်ပါတယ်။

အသက် ၃၀ အရွယ် မောင်ကော်သီရာကော့ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်တွေအတွက် မူလက ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံခဲ့ရပြီး မနေ့ကတော့ အယူခံတရားရုံးကနေ နောက်ထပ်ပြစ်ဒဏ် ၂၂ နှစ်ထိပ်တိုးခဲ့ပါတယ်။

ချင်းရိုင်ခရိုင်တွင်နေထိုင်ပြီး အွန်လိုင်း အဝတ်အထည်ရောင်းချသူ မစ္စတာသီရာကော့အပေါ် ပြင်းထန်တဲ့ စီရင်ချက်ချမှု အသေးစိတ်အချက်အလက်တွေကို တရားရုံးက ထုတ်ပြန်ခြင်းမရှိပါဘူး။

ပြစ်ဒဏ်အတွက် ဝေဖန်မှုများစွာရှိပြီး ဒါဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ ချမှတ်ခဲ့တဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး ဒီဥပဒေ ဘုရင်စနစ်နဲ့ပတ်သက်ပြီး အပျက်သဘောဆောင်ပြောဆိုရေးသားမှုတွေအတွက် ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံခဲ့ရတဲ့ ဥပဒေဟာ ၁၀ နှစ်အတွင်း ပထမဆုံးအရပ်သားအစိုးရ တက်လာခဲ့ပေမယ့် လက်ရှိချိန်ထိ သက်ဝင်နေဆဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထိုင်းဘုရင် ဝိဇယလောင်ကွန်း နန်းတက်ချိန်မှာတော့ ဥပဒေကို ခေတ္တဆိုင်းငံ့ခဲ့ပေမယ့် ကျောင်းသားများ မကြုံစဖူးဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ပြန်လည်ကျင့်သုံးခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW