နမ့်ဆန်မြို့မှာ လက်နက်ကြီးကို ဆော့ကစားရာက ပေါက်ကွဲလို့ ကလေးငယ် သုံးယောက်သေဆုံး

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄
SP (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နမ့်ဆန်မြို့ ၊ ဇယန်းကြီးရပ်ကွက်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲကျန် လက်နက်ကြီးကျည်ကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် သုံးယောက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံပရဟိတသမားတယောက်က ” တိုက်ပွဲတုန်းက ပစ်ခတ်ထားတဲ့ လက်နက်ကြီးကျည်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကလေးသုံးယောက်က ဆော့ကစားတယ် ၊ အဲ့ဒီ အချိန်မှာ လက်နက်ကြီး ကျည်က ထပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ် အဲ့ဒီ ကလေးသုံးယောက်စလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာမှာ အဲ့ဒီ နမ့်ဆန်မြို့ပေါ်မှာ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW