ပေကျင်း၊ ဧပြီ-၂၇-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံက ရုရှားကို ထောက်ပံ့တာမရပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ စစ်အေးခေတ်နောက်ပိုင်း ဥရောပလုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်ခြောက်မှုကို တရုတ်က မီးလောင်ရာလေပင့်လုပ်နေတယ်ဆိုတာကို မဟာမိတ်နိုင်ငံ လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းလင်းအသိပေးခဲ့တယ်လို့ ဘလင်ကင်က ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တရုတ်က ထောက်ပံ့နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်အရေးယူဖို့ ပြင်ဆင်ထားလဲ ဆိုတာကိုတော့ ဘလင်ကင်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
အစ္စရေနဲ ထိပ်တိုက်ပဋိပက္ခတွေ မြင့်တက်လာမှုကို တားဆီးဖို့အတွက် တရုတ်နိုင်ငံဟာ အီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို အသုံးချပြီး အရှေ့အလယ်ပိုင်းအရေးအတွက် အပြုသဘောဆောင် အခန်းကဏ္ဍမှ ပါဝင်နိုင်တယ်လို့ ဘလင်ကင်က အလေးပေးပြောဆိုသည်။
ဘလင်ကင်ဟာ ၁၀ လတာကာလအတွင်း တရုတ်နိုင်ငံကို ဒုတိယအကြိမ်ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်ဟာ ပြိုင်ဘက်အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများလျော့ပါးရန် သံတမန်ရေးရာ သိသာထင်ရှားတဲ့ တိုးတက်မှုတရပ်ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးလိုမျိုးတွေမှာ တရုတ်နိုင်ငံဘက်က သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းကို ကျော်မလာဖို့ အမေရိကန်ကို သတိပေးထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားကြောင်း အတည်ပြု
တီဟီရန်၊ မေ-၂၀-၂၀၂၄မျိုးဆက်(VOM)အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီၤးတို့ဟာ သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း အီရန်တာဝန်ရှိသူတွေက ဒီနေ့... -
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၀ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၅၅ ကျပ်ဝယ်ဈေး – ၄၀၁၅ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး... -
မြင်းခြံနယ်က ယာယီတိုက်ပွဲရှောင်တွေ နီးစပ်ရာမြို့တွေပေါ်တက်ပြီး အလှူခံစားသောက်နေရ
မေ ၊ ၂၁ ၊ ၂၀၂၄SP (VOM)မြင်းခြံနယ်မှာ ဒီရက်ပိုင်းအတွင်း ယာယီတိုက်ပွဲရှောင်နေရသူ ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး...