ဟနွိုင်း၊ ဧပြီ-၂၇-၂၀၂၄
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီအကြီးအကဲတွေ ဆက်တိုက်နှုတ်ထွက်မှုတွေ ဖြစ်ပွားနေပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဗောင်ဒင်လျူဟာ ဧပြီ ၂၆ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။
သူ ရာထူးမှနှုတ်ထွက်ရတဲ့ အကြောင်းရင်းကို အသေးစိတ်ဖော်ပြမထားဘဲ ရာထူးမှနှုတ်ထွက်သွားကြောင်းသာ ကွန်မြူနစ်ပါတီက ထုတ်ပြန်ထားကာ ရာထူးမှနှုတ်ထွက်သွားသူတွေထဲမှာ ပါတီရဲ့ စတုတ္ထမြောက် ရာထူးအမြင့်ဆုံးသူဖြစ်ပါတယ်။
သူာ် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှလည်း နှုတ်ထွက်ခဲ့ပြီး နှုတ်ထွက်စာကို ဧပြီ ၂၆ ရက်ကပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ တာဝန်ရှိသူတွေက လက်ခံခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံသည် အစိုးရနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆို အပြစ်ပေးခြင်းတွေ အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ပါတီရဲ့ ဒုတိယအမြင့်ဆုံးရာထူးတာဝန်ယူထားတဲ့ သမ္မတဟာ ပြီးခဲ့တဲ့လက ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။
သူ့ မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေက ဗီယက်နမ်မှာ လာရောက်ရင်းနှီးမြုပ်နှံမှုများအပေါ် သက်ရောက်လာနိုင်ခြေရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။
Ref:NHK
Photo:AP
Related posts
-
ရန်ကုန်မှာ တရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး တယောက်သေ၊ ၁၀ ယောက် ဒဏ်ရာ ရ
မေ ၁၉ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်မှာ... -
ယနေ့ ရွှေဈေး (မေ – ၁၉ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၁၃ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၄၀၀၀၀ ကျပ်ဝယ်ဈေး... -
ကိုရီးယားရောက် မြန်မာလုပ်သားတွေ ကျွမ်းကျင်လုပ်သား ဗီဇာပြောင်းလဲ လျှောက်ထားနိုင်
မေ ၁၉ – ၂၀၂၄SN (VOM)တောင်ကိုရီးယားနိုင်ငံကို E-9 Visa (လုပ်သားငှားရမ်းမှုစနစ်) နဲ့...