သတင်းဖတ်လိုတဲ့ ကမ္ဘာ့ပြည်သူအရေအတွက် ကျဆင်းလာ

 

လန်ဒန်၊ ဇွန်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတခုအရ ကမ္ဘာ့ပြည်သူတွေဟာ စိတ်ဓါတ်ကျစရာ၊ ဆိုးရွားရက်စက်တာနဲ့ ငြီးငွေ့ဖွယ် အကြောင်းအရာတွေကြောင့် သတင်းတွေဖတ်လိုစိတ် နည်းပါးလာတယ်လို့ အောက်စဖို့တက္ကသိုလ်နဲ့ ရိုက်တာအင်စတီကျုရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။

ကမ္ဘာတဝန်းရှိ လူ ၁၀ ယောက်မှာ လေးယောက်(၃၉)ရာခိုင်နှုန်းနီးပါးဟာ တခါတရံ သို့မဟုတ် မကြာခဏဆိုသလို သတင်းတွေကို ရှောင်ရှားလာကြပြီး ၂၀၁၇ ခုနှစ်ကတော့ ၂၉ ရာခိုင်နှုန်းနီးပါးသာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေဟာ ကမ္ဘာ့ပြည်သူတွေအတွက် သတင်းကိုပိတ်ပစ်ချင်စိတ် ဆန္ဒကို ဖြစ်ပေါ်စေတယ်လို့ သုတေသီတွေကဆိုထားပြီး သတင်းရှောင်လိုသူတွေ စံချိန်တင်မြင့်မားလာတယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာအတွက် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ရိုက်တာဖောင်ဒေးရှင်းတို့ဟာ နိုင်ငံပေါင်း ၄၇ နိုင်ငံက အရွယ်ရောက်ပြီးသူ ကိုးသောင်းခွဲနီးပါးကို စစ်တမ်းကောက်ယူခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ကမ္ဘာတဝန်းကလူတွေရဲ့သတင်းအပေါ် စိတ်ဝင်စားမှုနှုန်းဟာ ၆၃ ရာခိုင်းနှုန်းရှိပြီး လက်ရှိမှာတော့ ၄၆ ရာခိုင်နှုန်းကသာ သတင်းအပေါ် အလွန်စိတ်ဝင်စားလာကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“လူတွေက ကပ်ရောဂါနဲ့ စစ်ပွဲတွေကို ကြုံတွေ့ခဲ့ရတာကြောင့် သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ကာကွယ်ဖို့ပဲဖြစ်ဖြစ် ၊ အေးချမ်းတဲ့ဘ၀ကို ဆက်သွားချင်တာဖြစ်ဖြစ် သတင်းတွေကိုရှောင်ရှားလာကြတာဟာ လူတွေရဲ့ သဘာ၀ကျတဲ့ တုံ့ပြန်မှုဖြစ်တယ်” အစီရင်ခံစာကို ဦးဆောင်တဲ့ သုတေသီ နစ်နယူးမန်းက သုံးသပ်ပြောဆိုပါတယ်

Ref:BBC
Photo:Swiss Info

#Voiceofmyanmar #VOM #သတင်း #ဖတ်ရှုလိုသူ #ကျဆင်းလာ #အစီရင်ခံစာ

Related posts

Leave a Comment

VOM News

FREE
VIEW