တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးဟာ လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ် ဆင်ခြေဖုံးဒေသတွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဟဇ်ဘိုလာဌာနချုပ်ကို အဓိက ပစ်မှတ်ထားပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအများအပြားဟာ ဌာနချုပ်ရှိရာ နေရာဝန်းကျင်မှာ အဓိကဖြစ်ပွားခဲ့ပြီး ဒါဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာကို ပစ်မှတ်ထားခဲ့တာလို့လည်း အစ္စရေးသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဟဇ်ဘိုလာတွေရဲ့ လုပ်ရပ်တွေကို ဟန့်တားရမှာဖြစ်ပြီး နိုင်ငံနယ်စပ်မှာ အကြမ်းဖက်အဖွဲ့အစည်းရှိနေတယ်ဆိုရင ်နိုင်ငံတိုင်းလုပ်ကြတဲ့ ထုံးစံအတိုင်း အစ္စရေးကလည်း လုပ်ဆောင်နေတာဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။
အစ္စရေးရဲ့ ယခုတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်သေပြီး ၇၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်ရက်အတွင်း အိမ်နီးချင်း ဆီးရီးယားနိုင်ငံကို လက်ဘနွန်ပြည်သူ သုံးသောင်းကျော် ထွက်ပြေးခဲ့တယ်လို့ ကုလသဂ္ဂတာဝန်ရှိသူတယောက် ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်မှာ မြေပြင်စစ်ဆင်ရေး လုပ်မယ်လို့ အရိပ်အမြွတ် ထုတ်ဖော်ပြောကြားထားပြီး နိုင်ငံမြောက်ပိုင်းမှာလည်း အရန်တပ်နှစ်ခုကို ဖြန့်ကြက်ထားတာကြောင့် အရှေ့အလယ်ပိုင်း တင်းမာမှုတွေ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...