သံတွဲမှာ တိုက်ပွဲပြင်းထန်လို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရ၊ တောင်ကုတ်မှာလည်း မိုင်းနင်းမိလို့ အရပ်သားထိခိုက်မှုတွေရှိ

 

ဇွန် ၂၅ – ၂၀၂၄
GG (VOM )

ရခိုင်ပြည်နယ်၊သံတွဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသလို တောင်ကုတ်မြို့မှာလည်း မိုင်းနင်းမိပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ဒေသခံ သိရပါတယ်။

ဒီနေ့ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းက တောင်ကုတ်မြို့၊တက္ကသိုလ်အနီးက တောထဲ ဟင်းရှာထွက်တဲ့ ဒုံကျေးရွာက ဒေသခံသုံးယောက်မိုင်းနင်းမိပြီး အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိပြီး အရေးပေါ်ခွဲစိတ်ဖို့ လုပ်နေရသလို နောက်ထပ်မိုင်းနင်းမိသူအမျိုးသားတယောက်ကတော့ ကယ်ဆယ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

” ခြေထောက်ပြတ်လူနာနှစ်ယောက်ကတော့ ဆေးရုံရောက်နေပြီ၊အရေးပေါ်ခွဲစိတ်ဖို့လုပ်နေတယ်၊တယောက်ကတော့ ညည်းသံပဲကြားရပြီးတောထဲကျသွားလားမသိဘူး မကယ်နိုင်သေးဘူး၊ဟင်းရှာထွက်ရင်းမိုင်းနင်းမိပြီးဖြစ်သွားတာ၊မြို့ပေါ် တိုက်ပွဲမရှိဘူး၊တောင်ကုတ်က လမ်းကြောင်းအကုန်ပိတ်ထားတော့ဘယ်မှသွားမရဘူး၊လူနာတင်ယာဥ်တောင်သွားမရတော့အရေးပေါ်လူနာလည်း ဒီမှာပဲရှိတဲ့လက်ကျန်ဆေးဝါးနဲ့အဆင်ပြေအောင်ကုသနေရတယ် ” လို့ တောင်ကုတ်မြို့က လူမှုကူညီရေး လုပ်ငန်းတွေဆောင်ရွက်နေတဲ့ဆရာတော်တပါးကမိန့်ပါတယ်။

တောင်ကုတ်မြို့ပေါ်အထိ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိပေမယ့်လည်း နေပူတောင်အနီးမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိတာကြောင့် ရွာဘက်တွေက အများအပြားစစ်ဘေးရှောင်နေကြရ တယ်လို့သိရပါတယ်။

တောင်ကုတ် မြို့ကိုတော့ အဝင်အထွက်အားလုံးပိတ်ထားပြီး လူနာတင်ကားပင်သွားလာခွင့်မပြုတောတာကြောင့် လူနာတွေဒုက္ခရောက်သလို ဆေးဝါးတွေပြတ်လတ်နေတဲ့အပြင် စားသောက်ကုန်စျေးနူန်းတွေလည်း တဖြေးဖြေးမြင့်တက်လာနေတဲ့အပြင် စစ်ရှောင်လိုသူတွေလည်းမြို့ကနေထွက်ခွာမရဘဲပိတ်မိနေကြ တယ်လို့သိရပါတယ်။

တောင်ကုတ်နဲ့မိုင် ၄၀ ကျော်သာဝေးတဲ့ သံတွဲမြို့နယ်ထဲမှာလည်း ဒီနေ့ ဇွန်လ ၂၅ ရက်အထိ စစ်တပ်နဲ့ AA အကြားတိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အပြင် မြို့ပေါ်ရပ်ကွက်ထဲပါ လက်နက်ကြီးကျရောက်မှုတွေရှိလာတာကြောင့် ကျေးရွာတေ​အေပြင် သံတွဲမြို့ပေါ်နေထိုင်သူအများစုပါ ဧရာဝတီတိုင်း ၊ ရန်ကုန်အပါအဝင် ဂွ၊ကျိန္တလီဘက်ကို စစ်ဘေးရှောင်နေရပြီဖြစ်တယ်လို့သိရပါတယ်။

” ကျနော်တို့လည်းပြေးနေရပြီ၊ကျေးရွာတွေအကုန်လုံးလည်းစစ်ရှောင်သလို မြို့ပေါ်က အများစုလည်းစစ်ရှောင်ကြရပြီ၊နေလို့မရတော့ဘူး၊တချို့လည်းကျန်နေသေးတယ်၊ တချို့ဆိုစစ်ရှောင်ဖို့လမ်းစရိတ်မရှိလို့ ရတဲ့နည်းနဲ့ ခြေကျင်လျှောက်ပြီးသွားတာတွေရှိတယ်၊တိုက်ပွဲတွေကတော့နေ့တိုင်းပဲ ၊ နေလို့မဖြစ်တော့တဲ့အခြေအနေပါ၊ အခုအရေးပေါ်အ​ခေအနေဖြစ်တော့ရန်ကုန်ကို ဧရာဝတီဘက်ကနေပေးဖြတ်လာတယ် ” လို့ သံတွဲကနေစစ်ရှောင်လာသူ ဒေသခံတယောက်ကပြောပါတယ်။

အရင်က သံတွဲကနေ ရန်ကုန်ကိုသွားမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ထောက်ခံစာတွေရယူခဲ့ရပြီး လက်ရှိမှာက အုပ်ကြီးတွေပါ ပြေးနေရတဲ့အတွက် ထောက်ခံစာယူဖို့အဆင်မပြေတော့ပေမယ့် မှတ်ပုံတင်နဲ့ သံတွဲ- ဂွ- ငသိုင်းချောင်း – ရန်ကုန် ကိုသွားခွင့်ပြုနေတာဖြစ်တယ်လို့သိရပါတယ်။

သံတွဲမြို့တိုက်ပွဲအကြားမှာ အရပ်သားဒေသခံတွေ သေဆုံးမှုများပြားနေသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိကြောင်း၊သံတွဲမြို့နယ်အပြင် ငပလီဒေသက ဒေသခံအားလုံးနီးပါးလည်း စစ်ရှောင်နေကြရပြီလို့သိရပါတယ်။

လက်ရှိမှာ AA က သံတွဲငပလီလေဆိပ်ကို ထိန်းချုပ်ထားကြောင်းသတင်းထွက်နေပြီး တိုက်ပွဲတွေပြင်းထန်နေကြောင်း AA က သံတွဲမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် တိုက်ပွဲကိုဆင်နွဲနေတာဖြစ်သလိုတောင်ကုတ်ကိုပါဆက်လက်ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်​နေတာဖြစ်ပါတယ်။

နစကဘက်ကလည်း သံတွဲမြို့ကို ကာကွယ်ဖို့ မြေပြင်တပ်တွေအပြင် ရေကြောင်း၊လေကြောင်းကနေပါ ပစ်ကူတိုက်ခိုက်​နေ သလို တောင်ကုတ်ကိုပါ အဝင်အထွက်ပိတ်ပြီး ခံစစ်အနေနဲ့ တိုက်ခိုက်ဖို​့ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။

Photo:CJ

VOM Telegram Channel: https://t.me/VOMNEWS2023/7822?single

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

##Voiceofmyanmar #Vom #သံတွဲ #တောင်ကုတ် #မိုင်းထိ #တိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW