ရုရှားပိုင်နက်ထဲကို ယူကရိန်းစစ်သား ၁၀၀၀ ကျော်ဝင်ရောက်တိုက်ခိုက်လို့ ကွတ်စ်ခ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာ

 

ကိဗ်ယက်၊ ဩဂုတ်-၈-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းက ရုရှားနိုင်ငံထဲကို ရှားရှားပါးပါး နယ်စပ်ဖြတ်ကျော်တို်ကခို်ကမှုကြောင့် ရုရှားနိုင်ငံ ကွတ်စ်ခ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

အခုလို အရေးပေါ်အခြေအနေကြေညာရတာဟာ ဒေသတွင်း ဝင်ရောက်လာတဲ့ ရန်သူတပ်တွေကို ရှင်းလင်းဖို့ လိုအပ်တာကြောင့်လို့ ဒေသဆိုင်ရာ ခေတ္တအုပ်ချုပ်ရေးမှူး အလက်ဇီစမီယာနော့ဗ်က ပြောပါတယ်။

ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး အရပ်သားငါးယောက်သေဆုံးပြီး ၃၁ ယောက်ဒဏ်ရာရခဲ့ကာ သူတို့ထဲက ခြောက်ယောက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။ ယူကရိန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုတာမရှိသေးပါဘူး။

ယူကရိ်နးစစ်သား ၁၀၀၀ ကျော်၊ တင့်ကား ၁၁ စီးနဲ့ သံချပ်ကာကား အစီး ၂၀ တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆူဇ်ဟာမြို့အနီး ရုရှားပိုင်နက်ထဲကို ဝင်ရောက်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသတွင်းမှာ လူစုလူဝေးနဲ့ အခမ်းအနားတွေလုပ်တာကို အာဏာပိုင်တွေ တားမြစ်ထားပါတယ်။.

ကွတ်စ်ဒေသမှာ လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီး နယ်စပ်ဒေသမှ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ရုရှားပိုင်နက်အတွင်း ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှုဟာ ရှားရှားပါးပါး ဖြစ်ပါတယ်။

Ref:BBC
Photo:France24

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #ကွတ်ခ်စ်ဒေသ #တိုက်ခိုက်မှု #ငါးယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW