ဩဂုတ်-၇-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်းမှာ ဆူပူဆန္ဒပြမှုတွေကို ထိန်းသိမ်းဖို့ လုံခြုံရေးကော်မတီ အစည်းကို ခေါ်ယူလိုက်ပေမယ့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ မျက်နှာကတော့ စိုးရိမ်ပူပန်မှုနဲ့ အာဏာရလိုမှုတို့ရဲ့ လွန်ဆွဲမှုကြောင့် သာသာယာယာတော့ မရှိလှ။ တနင်္ဂနွေနေ့မှာ ဒီအစည်းအဝေးပြုလုပ်ပြီးနောက် နာရီအတန်ကြာအချိန်မှာ ရာထူးကနေ နုတ်ထွက်ပြီး တိုင်းပြည်ကနေ ထွက်ပြေးရမယ်ဆိုတဲ့ သူမရဲ့ ကံကြမ္မာကိုလည်း ပီပီပြင်ပြင် ရိပ်စားမိသေးဟန် မထင်။ ပါကစ္စတန်ဆီကနေ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေရဲ့ မိသားစုတွေကို အစိုးရအလုပ်အကိုင် ခွဲတမ်းထားရှိမှုအပေါ် ကျောင်းသားတွေရဲ့ မကျေနပ်မှုတွေကနေ ပြီးခဲ့တဲ့လက ပြင်းထန်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် ဟာစီနာ နုတ်ထွက်ရေးအပါအဝင် အစိုးရဆန့်ကျင်ရေးအသွင် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာပြီး သူမအပေါ် ဖိအားတွေ တိုးနေခဲ့တာပါ။ တနင်္ဂနွေနေ့တရက်တည်းမှာပဲ လူ ၉၀ လောက်သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အများစုကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအပြင် အာဏာရ အဝါမီလိဂ်က…
Read MoreDay: August 8, 2024
This Day in History
Voice of Myanmar ဝါးတားဂိတ် အရှုပ်တော်ပုံတွင် ၎င်း၏အခန်းကဏ္ဍအတွက် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံရမည့် အလားအလာနှင့် ရင်ဆိုင်နေရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်သည် ၁၉၇၄ ခုနှစ် ဩဂုတ် ၈ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August8
Read Moreရုရှားပိုင်နက်ထဲကို ယူကရိန်းစစ်သား ၁၀၀၀ ကျော်ဝင်ရောက်တိုက်ခိုက်လို့ ကွတ်စ်ခ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာ
ကိဗ်ယက်၊ ဩဂုတ်-၈-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းက ရုရှားနိုင်ငံထဲကို ရှားရှားပါးပါး နယ်စပ်ဖြတ်ကျော်တို်ကခို်ကမှုကြောင့် ရုရှားနိုင်ငံ ကွတ်စ်ခ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ အခုလို အရေးပေါ်အခြေအနေကြေညာရတာဟာ ဒေသတွင်း ဝင်ရောက်လာတဲ့ ရန်သူတပ်တွေကို ရှင်းလင်းဖို့ လိုအပ်တာကြောင့်လို့ ဒေသဆိုင်ရာ ခေတ္တအုပ်ချုပ်ရေးမှူး အလက်ဇီစမီယာနော့ဗ်က ပြောပါတယ်။ ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး အရပ်သားငါးယောက်သေဆုံးပြီး ၃၁ ယောက်ဒဏ်ရာရခဲ့ကာ သူတို့ထဲက ခြောက်ယောက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။ ယူကရိန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုတာမရှိသေးပါဘူး။ ယူကရိ်နးစစ်သား ၁၀၀၀ ကျော်၊ တင့်ကား ၁၁ စီးနဲ့ သံချပ်ကာကား အစီး ၂၀ တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆူဇ်ဟာမြို့အနီး ရုရှားပိုင်နက်ထဲကို ဝင်ရောက်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသတွင်းမှာ လူစုလူဝေးနဲ့ အခမ်းအနားတွေလုပ်တာကို အာဏာပိုင်တွေ တားမြစ်ထားပါတယ်။. ကွတ်စ်ဒေသမှာ…
Read Moreသွင်းကုန်တွေကိုလည်း ကုန်စည်အလိုက် ရည်ညွှန်းဈေးသတ်မှတ်ဦးမယ်လို့ သိရ
ဩဂုတ် ၈ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့ သွင်းကုန်ပစ္စည်းတန်ဖိုးတွေ ဈေးနှုန်း မှန်ကန်မှု ရှိစေဖို့အတွက် ရည်ရွယ်ပြီး သွင်းကုန်တွေကို ကုန်စည်အလိုက် ရည်ညွှန်းဈေးသတ်မှတ်ဖို့ စီစဉ်လျက်ရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။ ဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့ အကောက်ခွန်ဦးစီးဌာနနဲ့ ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားတဲ့ သွင်းကုန်တန်ဖိုး စိစစ်ရေးအဖွဲ့ကနေ သွင်းကုန်ပစ္စည်း HS Code လိုင်း ၃၇၃ လိုင်း၊ ကုန်ပစ္စည်းအမျိုးအမည် ၃၂၇၉ မျိုးအတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေကို စိစစ်ပြုစုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “ဒါက ဈေးနှုန်းကန့်သတ်မှုတွေနဲ့ ဈေးကွက်ကို ထိန်းချင်ပြန်တဲ့သဘော။ ရှေ့မှာလည်း ရည်ညွှန်းဈေးဆိုပြီး အများကြီး လုပ်ခဲ့ပြီးပြီ။ အဆင်ပြေမလာဘူး။ ပိုဆိုးသွားတာပဲ ရှိတယ်။ ဒီစနစ်နဲ့သွားတာက…
Read Moreယနေ့ ရွှေဈေး (ဩဂုတ် – ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၉၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၇၀၈၇၁ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၈ ရက်)
Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၅၆၀၀ ကျပ် ဝယ်ဈေး – ၅၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၄၁၅၀ ကျပ် ဝယ်ဈေး – ၃၉၇၀ ကျပ် -ယူရို ရောင်းဈေး – ၆၀၂၀ ကျပ် ဝယ်ဈေး – ၅၇၅၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၅၅.၀၄ ကျပ် ဝယ်ဈေး – ၁၄၈.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၂၂၉ ကျပ် ဝယ်ဈေး – ၁၁၇၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၆၇ ကျပ်…
Read Moreထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂၀ ဘီလီယံကျော်ထိ စံချိန်တင် သုံးစွဲဖွယ်ရှိ
တိုင်ပေ ၊ ဩဂုတ်-၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေချိန်မှာ လာမယ့်နှစ် ထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၂၀ ဘီလီယံကျော်ထိ စံချိန်တင်သုံးသွားဖွယ်ရှိကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တိုးမြှင့်မယ့် ကာကွယ်ရေးအသုံးစရိတ်ထဲမှာ တိုက်လေယာဉ်တွေ တိုးမြှင့် ဝယ်ယူရေးတွေပါတယ်လို့ ဆိုပါတယ်။ အဆိုပြုထားတဲ့ ဒီကာကွယ်ရေး အသုံးစရိတ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုဖို့နဲ့ ကိုယ်ကိုကိုယ် ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေချိန်မှာ သမ္မတလိုင်ကျင်းတီဟာ ထိုင်ဝမ်ကာကွယ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို ရယူလိုနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး လာမယ့်လအတွင်း ပါလီမန်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါလီမန်မှာ အတိုက်အခံလွှတ်တော်အမတ်တွေ လွှမ်းမိုးထားတာကြောင့် ဒီဆွေးနွေးမှု အဆင်ချောချောနဲ့ အနည်ပြုနိုင်မလားဆိုတာကတော့ မသေချာသေးပါဘူး။ တရုတ်နိုင်ငံဟာ…
Read Moreဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးနယ် ကုန်တင်ယာဉ်မောင်း ၁၃ ယောက်ကို ပြန်လွှတ်မယ်
ဩဂုတ် ၈ – ၂၀၂၄ SS (VOM) တိုက်ပွဲကာလ မြေပြင်ကန့်သတ် တားမြစ်ချက်တွေကို လိုက်နာခြင်းမရှိတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ယာယီဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကုန်တင်ယာဉ်မောင်း ၁၃ ယောက် ပြစ်ဒဏ် ၄၅ ရက်ပြည့်တဲ့အခါ ပြန်လွတ်လာမှာ ဖြစ်တယ်လို့ အဲဒီ ယာဉ်မောင်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီ ကားသမား ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးဝနဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ – မဟာမြိုင်လမ်းမှာ ကလေးခရိုင်-ပကဖတပ်ဖွဲ့နဲ့ အချင်းများခဲ့ရာကနေ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ “သူတို့အဖမ်းခံခဲ့ရတာ ဒီနေ့ဆို တလရှိပြီပေါ့။ သြဂုတ် ၂၃ ရက်နေ့မှာ ပြန်လွတ်မှာ။ အခုက ကားသမားတွေရော၊ သူတို့ရဲ့ကားတွေကိုရော ထိန်းသိမ်းထားတယ်။…
Read Moreဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ နိုဘယ်ဆုရင် ယူနွတ်စ် ပြင်သစ်ကနေ ဒီနေ့ပြန်လာမယ်
ဒါကာ ၊ ဩဂုတ်-၈-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ဦးဆောင်မယ့်သူအဖြစ် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်ကို ခန့်အပ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ပြီးနောက် ယူနွတ်စ်ဟာ ပြင်သစ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဒီနေ့ရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပောပါတယ်။ ကြားဖြတ်အစိုးရကို ဦးဆောင်မယ့်သူရွေးချယ်တဲ့ အရေးပေါ်အစည်းအဝေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့ပြီး သမ္မတ ၊ စစ်တပ်အကြီးအကဲတွေ၊ ကျောင်းသားနုဲ့ သပိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ စီးပွားရေးပညာရှင်နဲ့ ဘဏ်လုပ်ငန်းရှင်ဖြစ်သူ ယူနွတ်စ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်နေပြည်သူတွေအတွက် အသေးစားချေးငွေအစီအစဉ်ကြောင့် ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အစိုးရအလုပ်အကိုင်ခွဲတမ်း ထားရှိမှုအပေါ် ဆန့်ကျင်မှုကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် ဝန်ကြီးချုပ် ဟာစီနာဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ သူမှ နုတ်ထွက်ပြီးနောက်မှာလည်း နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး အာဏာရ အဝါမီလိဂ်ပါတီနဲ့ ဆက်နွယ်တဲ့ အဆောက်အအုံတခုလည်း မီးရှို့ခံခဲ့ရတယ်လို့…
Read Moreတောင်ကုတ်နဲ့သံတွဲမြို့မှာ စစ်မရှောင်ဘဲ ကျန်နေခဲ့သူအများစု စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ
ဩဂုတ် ၈ – ၂၀၂၄ GG (VOM ) ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်နဲ့တောင်ကုတ်မြို့ပေါ် စစ်မရှောင်ဘဲကျန်နေတဲ့ ဒေသခံပြည်သူတွေထဲမှာ လူဦးရေအများအပြားဟာ အစားအသောက်တွေပြတ်လပ်နေပြီး စားနပ်ရိက္ခအတွက် ပိုမိုခက်ခဲလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တောင်ကုတ်နဲ့သံတွဲမြို့ကို တရားဝင် ကုန်ကားတွေဝင်ရောက်နိုင်ခြင်းမရှိတာကြောင့် ဒေသခံစီးပွားရေးသမားတွေကတရားမဝင်မှောင်ခိုသွင်းရတဲ့အတွက် စားသောက်ကုန်စျေးနူန်းအဆမတန်ကြီးမြင့်နေလို့ ငွေကြေးမပြည့်စုံတဲ့အခြေခံလူတန်းစားတွေမှာ ဝယ်ယူစားသောက်နိုင်ခြင်းမရှိဘဲ အငတ်ဘေးပြဿနာရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါတယ်။ ” တောင်ကုတ်မှာတိုက်ပွဲတော့မဖြစ်သေးပေမယ်ဘာကုန်းကားမှမဝင်ဘူး။မှောင်ခိုကသွင်းတာကို ငွေရှိသူကဝယ်စားနိုင်ပေမယ့် အခြေခံ လက်လုပ်လက်စားသမားကကြတော့ မဝယ်နိုင်တော့ဘူး။အလုပ်ကမရှိနဲ့ငတ်နေသူတွေအများကြီးပဲ။ပြောရရင်မြို့မှာခုရှိနေတဲ့လူတွေထဲမှာတဝက်လောက်ကငတ်ကုန်ပြီ။” လို့ ဒေသခံကပြောပြပါတယ်။ တောင်ကုတ်မြို့က စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစားတွေကို အလှူရှင်တွေရဲ့လှူဒါန်းမှုအပေါ်လိုက်ပြီးခွဲဝေကာ ကူညီပေးနေပေမယ့်လည်း လူဦးရေများခြင်း၊ နေ့စဥ်တာဝန်ဖြစ်တာကြောင့် ဒေသခံတွေမှာ စားစရာ ပြတ်လပ်တဲ့အခြေအနေထိရှိနေတာဖြစ်တယ်လို့သိရပါတယ်။ အလားတူ သံတွဲမြို့မှာလည်း ငွေကြေးမပြည့်စုံတဲ့ဒေသခံအများစုမှာ ဆန်အပါအဝင်အစားအစာတွေဝယ်ယူစားသောက်ဖို့ခက်ခဲနေတာကြောင့် ထမင်းလျှော့စားရတဲ့မိသားစုတွေနဲ့ ဒီထက်ခက်ခဲနေတတဲ့မိသားစုတွေရှိနေတယ်လို့သိရပါတယ်။ ” သံတွဲမြို့မှာလည်းစျေးတွေကမြင့်နေတော့ ပုံမှန်လိုမစားနိုင်ဘူး။ကိုယ့်ရှိတာကိုဝေမျှစားနေရတယ်။ စားရတလှည့်မစားရတလှည့်ပေါ့။အလုပ်ကလည်းမရှိဘူး။ရှိတာလေးရောင်းချထိုင်စားနေရတာပါ။နေ့တိုင်းတာဝန်ကြီးကျတော့လည်း အလှူရှင်အပေါ်မှီခိုဖို့ကမလွယ်ဘူးလေ။ကြာရင်ခုထက်ပိုဆိုးဖို့ပဲရှိတယ်။ ” လို့ သံတွဲဒေသခံကပြောပါတယ်။ သံတွဲမြို့နယ်ထဲမှာ…
Read More