အရှေ့အလယ်ပိုင်း စစ်ပွဲတွေ အဆုံးသတ်ရေး အစ္စရေးဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ်လို့ ဂျိုးဘိုင်ဒင်ပြော



ဝါရှင်တန်၊ စက်တင်ဘာ-၃၀၂၀၂၄
မျိုးဆက်(VOM)

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲအားလုံးကို ရှောင်ရှားရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အလေးပေး ပြောဆိုလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့လည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အလုံးစုံစစ်ပွဲတခု ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ဒေသတွင်း စစ်ပွဲတွေရှောင်ရှားဖို့အရေး ဂျိုးဘိုင်ဒင်က ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး စနေနေ့က တိုက်ခိုက်မှုမှာတော့ ဟဇ်ဘိုလာခေါင်းဆောင်ပါ သေဆုံးခဲ့ပါတယ်။

“လက်ရှိက ဟဇ်ဘိုလာတွေရဲ့ ဖွဲ့စည်းကွပ်ကဲမှု ပျက်ယွင်းလုနီးပါး ဖြစ်နေတယ်။ ထောင်ပေါင်းများစွာသော ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံခဲ့ရတယ် ။ ဒီနေ့ဟဇ်ဘိုလာက ပြီးခဲ့တဲ့ သီတင်းပတ်က ဟဇ်ဘိုလာလားဆိုတာ မေးခွန်းထုတ်ဖို့ မလိုဘူး”လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဆိုပါတယ်။

အစ္စရေးအနေနဲ့ ပြည်သူတွေ၊ နယ်မြေနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမှုကို ဖယ်ရှားဖို့ အခွင့်အရေးနဲ့ တာဝန်ရှိတယ်လို့လည်း သူကဆိုပါတယ်။ တချိန်တည်းမှာပဲ တင်းမာမှုအရှိန်လျော့မယ့်နည်းလမ်းတွေကိုလည်း ရှာဖွေသွားရမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW