ဆော့လော် ဗျူဟာ စခန်းကို KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက်တဲ့သတင်းထွက်ပေါ်နေ

အောက်တိုဘာ ၂၊ ၂၀၂၄
Sh2(VOM)
ကချင်ပြည်နယ် ချီဖွေခရိုင်၊ ဆော့လော်မြို့ရှိ နစက ဗျူဟာ စခန်းကို အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက် လိုက်‌ေကြာင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆော့လော် ဗျူဟာကို ဒီမနက် ၇ နာရီ ၂၀ လောက်က KIA နဲ့ ပူးပါင်း အဖွဲ့တွေ သိမ်းလိုက်တယ်လို့သိရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဆော့လော် ဗျူဟာ စခန်း သိမ်းလိုက်တယ်လို့ သိရပြီးနောက် နေ့ခင်းပိုင်းကစ နစက ဘက်က လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ သူက ပြောပါတယ်။
“ဆော့လော်ကို ဒီနေ့ မနက်ပိုင်းက အပြီးသတ် သိမ်းလိုက်တာလို့ ပြောတယ်။ KIA တပ်မဟာ ၇ နယ်မြေ ပေါ့။ အခု စစ်မျက်နှာ ပန်ဝါဘက် ဦးတည်လာတယ် ကြားလို့ ပန်ဝါ ဘက်က ဒေသခံတွေလည်း စရှောင်နေကြပြီ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
တိုက်ပွဲအတွင်း ဒေသခံ ပြည်သူ အမျိုးသမီး တယောက် လက်နက်ကြီး ထိမှန် သေဆုံးခဲ့တာ ရှိတယ်။ အိမ်တွေလည်း လက်နက်ကြီးနဲ့ လေယာဉ် ဗုံးကြောင့်ပျက်စီးသွားတာ ရှိပေမယ့် အသေးစိတ် မသိဘူးလို့ သူက ပြောပါတယ်။
ချီဖွေ နဲ့ ဆော့လော် ဘက်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၅ နာရီခန့်ကစ KIA နဲ့ ပူးပါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
ဆော့လော် အခြေစိုက် နစက တပ်စခန်းကို အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူး‌ေပါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း KIA နဲ့ နီးစပ်တဲ့ The Kachin Net က အခု နေ့လယ်ပိုင်းမှာ သတင်းထုတ်ထားပါတယ်။
ဆော့လော် နစက တပ်စခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ကစ KIA ပူးပါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ရာ ၄ ရက်မြောက် နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ချီဖွေ ခရိုင်မှာ ၄ ရက်အတွင်း ချီဖွေ ဗျူဟာကုန်း၊ ၄ မိုင် စုပေါင်းဂိတ်၊ ဆော့လော် ဗျူဟာကုန်း နဲ့ ဆဒုံးမြို့နယ်က ရှငေါ် တပ်စခန်းတွေ သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ နစကဘက်က သတင်းထုတ်ပြန်တာမတွေ့ရသေးပဲ ကချင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတာသာဖြစ်ပါတယ်။
Photo Crd# The Kachin Net

Related posts

Leave a Comment

VOM News

FREE
VIEW