တိုင်ပေ၊ အောက်တိုဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့ ကျူးကျော်မှုမှန်သမျှ တွန်းလှန်မယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ဒီနေ့မှာကျရောက်တဲ့ ထိုင်ဝမ်အမျိုးသားနေ့မှာ ကတိပြုပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးဖိအားတွေ တိုးမြင့်လာချိန်မှာ ထိုင်ဝမ်သမ္မတက အခုလို ကတိပြုလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်ခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းတွေကို တွန်းလှန်ဖို့ ကတိကဝတ်အတိုင်းရှိကြောင်း၊ အချုပ်အခြာကိုကာကွယ်ဖို့၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ တရုတ်နဲ့ တန်းတူညီမျှ ဂုဏ်သိက္ခာရှိဆွေးနွေးပွဲတွေ လုပ်မယ့်ဆုံးဖြတ်ချက်လည်း မပြောင်းလဲပါဘူး ” လို့ ထိုင်ဝမ်သမ္မတက ပြောပါတယ်။
လိုင်ချင်းတီဟာ ထိုင်ဝမ်အချုပ်အခြာကာကွယ်ရေးအတွက် ယခင်သမ္မတ ဆိုင်အင်းဝမ်ထက် ပြတ်သားစွာပြောဆိုမှုများကြောင့် သူ့ကို တရုတ်နိုင်ငံဘက်က ခွဲထွက်ရေးသမားလို့ တံဆိပ်ကမ်းထားပြီး သမ္မတဖြစ်လာတဲ့ မေလကတည်းက နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း နှစ်ဖက်ပြည်သူတွေ အေးချမ်းတည်ငြိမ်ရေး၊ ရေလက်ကြား ငြိမ်းချမ်းရေး၊ ကူးစက်ရောဂါနဲ့ သဘာ၀ဘေးဆိုင်ရာတို့မှာ တရုတ်နဲ့ ပူးပေါင်ဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ထိုင်ဝမ်သမ္မတကဆိုပါတယ်။ အမေရိကန်ဟာ ၁၉၇၉ ခုနှစ်ကတည်းက ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးရှိခဲ့ပြီး အဓိကလက်နက်ထောက်ပံ့တဲ့ နိုင်ငံလည်းဖြစ်ကာ ထိုင်ဝမ်ကျွန်းအပေါ် ဖိအားပေးမှုတွေကို ဆန့်ကျင်နေပါတယ်။
Ref:CNA
Photo:AFP
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...