နိုဝင်ဘာ ၂၀၊ ၂၀၂၄
Shy V VOM
တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့နဲ့ ကုန်စိမ်း တင်သွင်းဖို့ အခုရက်ပိုင်း ပြန်ဖွင့်ကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“နယ်စပ် ဂိတ် တခဖို့ ဖွင့်ပြီ။ ကုန်စုံတော့ မရဘူး။ ကုန်စိမ်းနဲ့ ဘိန်း အစားထိုး စိုက်ပျိုးရေး ထွက်ကုန် ကြံ၊ ငှက်ပျော တွေပဲရတယ်။” လို့ နယ်စပ် ကုန်သည် တေယာက်က ပြောပါတယ်။
မိုင်းလား – တာလော့၊ ပန်ဝိုင် – ယုံဟော်၊ ချင်းရွှေဟော် – မိန်းတိန်၊ ကံပိုင်တည် – ဟိုချောင် နယ်စပ်ဂိတ်တွေဖွင့်တာ ဖြစ်ပြီး ချင်းရွှေဟော် – မိန်းတိန် နယ်စပ်ဂိတ်ကဝောာ့ မြန်မာဘက်ကနေ ကြံပဲ တင်ပို့လို့ ရပြီး တရုတ်ဘက်က ကုန်တွေ ထွက်လို့ မရဘူး။ ကံပိုင်တည် – ဟိုချောင် နယ်စပ်ဂိတ် ကနေတော့ တစ်သျှူးငှက်ပျောပဲ တင်ပို့ လို့ရတယ်လို့ သူက ပြောပါတယ်။
တရုတ် – မြန်မာ နယ်စပ် တလျှောက်က ကြံနဲ့ ငှက်ပျော စိုက်ခင်းတွေဟာ တရုတ်လုပ်ငန်းရှင်တွေ အရင်းအနှီး စိုက်ထုတ်ပြီး မြန်မာဘက်က နယ်စပ် ဒေသခံတွေကို မြေနဲ့ လုပ်အား ထုတ်ကာ စိုက်ပျိုးစေတာ ဖြစ်ပါတယ်။
“မူဆယ် ဆင်ဖြူ – ကျယ်ဂေါင် ဂိတ်ကနေ မနေ့က ကားနဲ့ ဆိုင်ကယ် စားသောက်ကုန်တွေ ပေးထွက်တယ်။ မူဆယ်မှာ စားသောက်ကြန် ပြတ်သွားလို့ လေ။ ဒီမနက်တော့ လူကြီး လာတယ် ဆိုပြီး မူဆယ်ကနေ ကျယ်ဂေါင်ဘက် ဆိုင်ကယ် တစီးမှ မဝင်ခိုင်းဘူး။ ပြန်လှည့်ရတယ်။ ကားလည်း မဝင်ဘူး” လို့ ဆိုင်ကယ်နဲ့ ကုန် ကယ်ရီ လုပ်တဲ့ အမဖိုးသား တယောက်ကပြောပါတယ်။
မနေ့က ကျတော့ ကျယ်ဂေါင်ဘက်က ထွက်လာတဲ့ ပစ္စည်း တချို့ မြန်မာဘက်ခြမ်း ဆင်ဖြူဂိတ်မှာ ဆွဲချ ဖမ်းဆီး လိုက်တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ကျယ်ဂေါင်ကနေ ကားနဲ့ ထွက်မယ့် ပစ္စည်းတွေက တရုတ်ဘက်က အခွန် စာရွက်စာတမ်း အပြည့်အစုံ မပါရင် ထွက်မရဘူးလို့ နယ်စပ် ကုန်ဂိတ် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
တရုတ် – မြန်မာ နယ်စပ်ဂိတ် အားလုံးနီးပါးကို ပြီးခဲ့တဲ့ ဩဂုတ်လကစ တရုတ်ဘက်က ပိတ်လိုက်တာဖြစ်ပြီး တချို့ နယ်စပ်ဂိတ်မှာဝောာ့ ကုန်ပစ္စည်း သယ်ဆောင်တာတွေကို ကန့်သတ် တင်းကြပ် လိုက်တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ/Shy V