တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့ ပြန်ဖွင့်

နိုဝင်ဘာ ၂၀၊ ၂၀၂၄ Shy V VOM တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့နဲ့ ကုန်စိမ်း တင်သွင်းဖို့ အခုရက်ပိုင်း ပြန်ဖွင့်ကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “နယ်စပ် ဂိတ် တခဖို့ ဖွင့်ပြီ။ ကုန်စုံတော့ မရဘူး။ ကုန်စိမ်းနဲ့ ဘိန်း အစားထိုး စိုက်ပျိုးရေး ထွက်ကုန် ကြံ၊ ငှက်ပျော တွေပဲရတယ်။” လို့ နယ်စပ် ကုန်သည် တေယာက်က ပြောပါတယ်။ မိုင်းလား – တာလော့၊ ပန်ဝိုင် – ယုံဟော်၊ ချင်းရွှေဟော် – မိန်းတိန်၊ ကံပိုင်တည် – ဟိုချောင် နယ်စပ်ဂိတ်တွေဖွင့်တာ ဖြစ်ပြီး ချင်းရွှေဟော် – မိန်းတိန် နယ်စပ်ဂိတ်ကဝောာ့…

Read More

ရုရှားပိုင်နက်ထဲကို အမေရိကန်ရဲ့ ATACMS ဒုံးကျည်တွေနဲ့ ယူကရိန်း စတင်တိုက်ခိုက်ပြီ

မော်စကို၊ နိုဝင်ဘာ-၂၀-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ဒီဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုချက်ပေးပြီးနောက် တရက်အကြာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ATACMS ဒုံးကျည်အသုံးပြုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုကြောင်း စီဘီအက်စ် သတင်းဌာနက ဆိုပါတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းကတော့ တစုံတရာမှတ်ချက်မပေးသေးပါဘူး။ တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုဟာ ယူကရိန်းမြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ဘရိုင်ယန့်စ်ဒေသကို ပစ်မှတ်ထားခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်ငါးစင်းကို ပစ်ချနိုင်ခဲ့ပြီး တစင်းကတော့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုမှာ မီးလောင်ပျက်စီးသွားတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန်တာဝန်ရှိသူတွေကတော့ ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်ရှစ်စင်းအနက် နှစ်စင်းကိုသာ ရုရှားက ကြားဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကို မီးစာထည့် အရှိန်မြင်အောင်လုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။ ဒါဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ စစ်မျက်နှာသစ်အဖြစ်သတ်မှတ်ပြီး…

Read More

This Day in History

Voice of Myanmarဗြိတိန်ဘုရင်မကြီးဖြစ်လာမည့် အဲလိဇဘတ် ၂ သည် ကြင်ယာတော်ဖြစ်သူ မင်းသားကြီး ဖိလစ်မောင့်ဘတ်တန်နှင့် ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။

Read More

လိုက်မမီနိုင်တဲ့ ကုန်ဈေးနှုန်း

SN (VOM)လက်ရှိ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးဟာ အကျဘက်ကို ရောက်ရှိနေတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အတက်ဘက်ကိုသွားနေတဲ့ အရာတခုတော့ ရှိပါတယ်။ အဲဒါကတော့ ကုန်ဈေးနှုန်းပါ။ရွှေဈေး၊ ဒေါ်လာဈေးတွေနဲ့အတူ ကုန်ဈေးနှုန်းတွေကလည်း မိုးပျံလို့နေတာပါ။ နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်ကျော်အတွင်းမှာတင် ကုန်ဈေးနှုန်းက သုံးဆကျော်တက်ခဲ့ပါတယ်။ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အကြီးတန်းအရာရှိတယောက်ရဲ့ အခု ၂၀၂၄ နှစ်၊ မေလ ပထမပတ်အတွင်းက သတိပေးချက်အရ စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လို့နေပါတယ်။ အဲဒီသတိပေးချက်ကို အခုအချိန်အထိ ဆက်တိုက် တက်လာနေတဲ့ အခြေခံစားကုန် ဈေးနှုန်းတွေက သက်သေပြနေတာပါ။နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၀ ခုနှစ်က ဆန်ကြမ်း တပြည်ကို ၁၅၀၀ ကျပ်သာ ရှိခဲ့တာပါ။ လက်ရှိမှာတော့ ကျပ် ၅၀၀၀…

Read More
VOM News

FREE
VIEW