မော်စကို၊ နိုဝင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ဒီဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုချက်ပေးပြီးနောက် တရက်အကြာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ATACMS ဒုံးကျည်အသုံးပြုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုကြောင်း စီဘီအက်စ် သတင်းဌာနက ဆိုပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းကတော့ တစုံတရာမှတ်ချက်မပေးသေးပါဘူး။ တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုဟာ ယူကရိန်းမြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ဘရိုင်ယန့်စ်ဒေသကို ပစ်မှတ်ထားခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်ငါးစင်းကို ပစ်ချနိုင်ခဲ့ပြီး တစင်းကတော့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုမှာ မီးလောင်ပျက်စီးသွားတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန်တာဝန်ရှိသူတွေကတော့ ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်ရှစ်စင်းအနက် နှစ်စင်းကိုသာ ရုရှားက ကြားဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကို မီးစာထည့် အရှိန်မြင်အောင်လုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။ ဒါဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ စစ်မျက်နှာသစ်အဖြစ်သတ်မှတ်ပြီး တုံ့ပြန်သွားမယ်လို့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...