ဖေဖော်ဝါရီ ၂၆ – ၂၀၂၅
GG (VOM)
မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံရမှု ဒီနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့ရတယ်လို့သိရပါတယ်။
အဆိုပါ ရွာရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်မှာရှိနေစဥ်လာရောက်ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးမှာ သေနတ်ဒဏ်ရာနှစ်ချက်၊ဇနီးဖြစ်သူမှာ သေနတ်ဒဏ်ရာ လေးချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” မနက်၇နာရီလောက်မှာ သူတို့အိမ်မှာပစ်ခံရတာလို့သိရတယ်။ နေရာမှာပဲဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးကလက်မောင်းနဲ့ ရင်ဘတ်ကိုမှန်တယ်။သူ့မိန်းမမှာက လက်နှစ်ဖက်နဲ့ဗိုက်၊လည်ပင်းမှာ မှန်တယ်။”လို့ ဒေသခံ ကပြောပါတယ်။
အုပ်ချုပ်ရေးမှူးပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ အလောင်းကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ထန်းလေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၂၃ ရက်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo – CJ