မန္တလေးတိုင်း တစည ပါတီရုံးမှာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ- ၁၂-၂၀၂၆
Voice Of Myanmar
၂၀၂၆ ခုနှစ်အတွက် မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ကြီးမှူးကျင်းပတဲ့ (၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ မန္တလေးတိုင်း တစည ပါတီရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ တစညပါတီဗဟို ဥက္ကဌ ဦးဟန်ရွှေပေးပို့တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားပြီးမန္တလေးတိုင်း တစည ပါတီ ဥက္ကဋ္ဌ ဒေါ်သောင်းသောင်းနု က မန္တလေးတိုင်း အတွင်း ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ကိုယ်စား လှယ် ၁၁ ဦးကို လွှတ်တော်တွင်းမှာ ဆောင်ရွက်ရမယ့် အချက် အလက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အဆိုပြုလွှာ တင်သွင်းခဲ့ပြီး တဦး က အသက် ကန့်သက်ချက်နဲ့ ပယ်ခံရတာကြောင့် ၈၉ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ကိုယ်စားလှယ်လောင်း ၈၉ ဦးထဲက အမျိုးသားလွှတ်တော်မှာ PR လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် FPTP ၂ ဦး နဲ့ တိုင်းဒေသကြီး PR ၆ ဦး စုစုပေါင်း ၁၁ ဦးကတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW