ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) အမှုတွဲထဲက သမ္မတ Trump နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကိူ ​အမေရိကန် တရားရေးဌာနထုတ်ပြန်လိုက်ပြီ

မတ် ၇-၂၀၂၆
MT(VOM)
အရင်က ချန်လှပ်ထားခဲ့တဲ့ Epstein ရဲ့ မှတ်တမ်းအချို့ကို မနေ့ က ထုတ်ပြန်လိုက်ပါတယ်။ ဒီထဲမှာ သမ္မတ Donald Trump ကို စွပ်စွဲထားတဲ့ အချက်တွေ ပါနေပါတယ်။
​
​ ၂၀၁၉ တုန်းက အမျိုးသမီးတစ်ယောက်နဲ့ FBI တို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မှတ်တမ်းတွေပါ။ အဲဒီအမျိုးသမီးက သူ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြားအရွယ် (၁၉၈၀ ဝန်းကျင်) မှာ Trump နဲ့ Epstein တို့ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
​
တရားရေးဌာနက အရင်က ဒီဖိုင်တွေကို “တခြားဖိုင်တွေနဲ့ အတူတူပဲ” ဆိုပြီး မှားယွင်းသတ်မှတ်မိလို့ ချန်လှပ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါကို အတိုက်အခံတွေက “ဖုံးထားတာလား” ဆိုပြီး ဝေဖန်ခဲ့ကြလို့ အခု ပြန်ထုတ်ပေးလိုက်တာပါ။
​
ဒီစွပ်စွဲချက်တွေက ခိုင်လုံတဲ့ အထောက်အထား မရှိသလို၊ အတည်လည်း မပြုနိုင်သေးပါဘူး။ FBI ကလည်း အဲဒီ အမျိုးသမီးနဲ့ အင်တာဗျူးပြီးနောက်ပိုင်း ထပ်ပြီး ဆက်သွယ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
​
​White House ကတော့ ဒါတွေဟာ “လုံးဝ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ” လို့ ငြင်းဆိုထားပါတယ်။
​သတင်းပြန်ကြားရေးအရာရှိက Trump ဟာ ဒီကိစ္စတွေမှာ ဘာအပြစ်မှ မရှိကြောင်း သက်သေပြပြီးသားလို့ ပြောပါတယ်။
​တကယ်လို့ အပြစ်ရှိခဲ့ရင် အရင် Biden အစိုးရလက်ထက်ကတည်းက တရားစွဲမှာပေါ့၊ အခု ဘာမှမလုပ်နိုင်တာကပဲ Trump အပြစ်မရှိတာကို ပြနေတာပဲလို့ တုံ့ပြန်ထားပါတယ်။
​အခုထုတ်ပြန်တဲ့ ဖိုင်တွေထဲမှာ Trump ရဲ့ အမည်ဟာ အကြိမ်ပေါင်း ထောင်နဲ့ချီ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒါဟာ သူကိုယ်တိုင် ကျူးလွန်တယ်ဆိုတာထက် Epstein ပေးပို့တဲ့ အီးမေးလ်တွေနဲ့ တခြား ဆက်သွယ်မှု မှတ်တမ်းတွေမှာ နာမည်ပါနေတာ ဖြစ်ပါတယ်။
ဘယ်လိုဖြစ်ဖြစ် နာရီပိုင်း ၊ ရက်ပိုင်း နဲ့ ပြီးပြတ်မယ် လို့ လေလုံးထွားပြီး ဆင်နွှဲနေပေမယ့် မပြတ်မသား ဖြစ်နေရတဲ့ အီရန်စစ်ပွဲအကြပ်အတည်း ကို ရင်ဆိုင်နေရတဲ့ သမ္မတ Trump အတွက် ဒီဖိုင်တွဲအသစ်တွေ ဟာ ပြည်တွင်းဖိအားတစ်ခု ဖြစ်လာပါလိမ့်မယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/20189
VOM Viber Channel: https://invite.viber.com/…

Related posts

✕
VOM News

FREE
VIEW