မတ် ၇-၂၀၂၆
MT(VOM)
အရင်က ချန်လှပ်ထားခဲ့တဲ့ Epstein ရဲ့ မှတ်တမ်းအချို့ကို မနေ့ က ထုတ်ပြန်လိုက်ပါတယ်။ ဒီထဲမှာ သမ္မတ Donald Trump ကို စွပ်စွဲထားတဲ့ အချက်တွေ ပါနေပါတယ်။
၂၀၁၉ တုန်းက အမျိုးသမီးတစ်ယောက်နဲ့ FBI တို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မှတ်တမ်းတွေပါ။ အဲဒီအမျိုးသမီးက သူ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြားအရွယ် (၁၉၈၀ ဝန်းကျင်) မှာ Trump နဲ့ Epstein တို့ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
တရားရေးဌာနက အရင်က ဒီဖိုင်တွေကို “တခြားဖိုင်တွေနဲ့ အတူတူပဲ” ဆိုပြီး မှားယွင်းသတ်မှတ်မိလို့ ချန်လှပ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါကို အတိုက်အခံတွေက “ဖုံးထားတာလား” ဆိုပြီး ဝေဖန်ခဲ့ကြလို့ အခု ပြန်ထုတ်ပေးလိုက်တာပါ။
ဒီစွပ်စွဲချက်တွေက ခိုင်လုံတဲ့ အထောက်အထား မရှိသလို၊ အတည်လည်း မပြုနိုင်သေးပါဘူး။ FBI ကလည်း အဲဒီ အမျိုးသမီးနဲ့ အင်တာဗျူးပြီးနောက်ပိုင်း ထပ်ပြီး ဆက်သွယ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
White House ကတော့ ဒါတွေဟာ “လုံးဝ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ” လို့ ငြင်းဆိုထားပါတယ်။
သတင်းပြန်ကြားရေးအရာရှိက Trump ဟာ ဒီကိစ္စတွေမှာ ဘာအပြစ်မှ မရှိကြောင်း သက်သေပြပြီးသားလို့ ပြောပါတယ်။
တကယ်လို့ အပြစ်ရှိခဲ့ရင် အရင် Biden အစိုးရလက်ထက်ကတည်းက တရားစွဲမှာပေါ့၊ အခု ဘာမှမလုပ်နိုင်တာကပဲ Trump အပြစ်မရှိတာကို ပြနေတာပဲလို့ တုံ့ပြန်ထားပါတယ်။
အခုထုတ်ပြန်တဲ့ ဖိုင်တွေထဲမှာ Trump ရဲ့ အမည်ဟာ အကြိမ်ပေါင်း ထောင်နဲ့ချီ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒါဟာ သူကိုယ်တိုင် ကျူးလွန်တယ်ဆိုတာထက် Epstein ပေးပို့တဲ့ အီးမေးလ်တွေနဲ့ တခြား ဆက်သွယ်မှု မှတ်တမ်းတွေမှာ နာမည်ပါနေတာ ဖြစ်ပါတယ်။
ဘယ်လိုဖြစ်ဖြစ် နာရီပိုင်း ၊ ရက်ပိုင်း နဲ့ ပြီးပြတ်မယ် လို့ လေလုံးထွားပြီး ဆင်နွှဲနေပေမယ့် မပြတ်မသား ဖြစ်နေရတဲ့ အီရန်စစ်ပွဲအကြပ်အတည်း ကို ရင်ဆိုင်နေရတဲ့ သမ္မတ Trump အတွက် ဒီဖိုင်တွဲအသစ်တွေ ဟာ ပြည်တွင်းဖိအားတစ်ခု ဖြစ်လာပါလိမ့်မယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/20189
VOM Viber Channel: https://invite.viber.com/…
