FBI က အီရန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မယ့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်

မတ် -၁၂ -၂၀၂၆
MT(VOM)
​အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ FBI က မကြာသေးခင်ရက်ပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့တွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ABC News က ရရှိထားတဲ့ အဲဒီသတိပေးချက်ထဲမှာ အခုလို ဖော်ပြထားပါတယ်။
​”၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အမေရိကန်ကသာ အီရန်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပင်လယ်ကမ်းခြေ (အထူးသဖြင့် ကယ်လီဖိုးနီးယား) က ပစ်မှတ်တွေကို သင်္ဘောတစ်စီးပေါ်ကနေ ဒရုန်းတွေသုံးပြီး အလစ်အငိုက် တိုက်ခိုက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
​ဒါပေမဲ့ ဒီတိုက်ခိုက်မှုက ဘယ်အချိန်မှာ ဖြစ်မလဲ၊ ဘယ်လိုနည်းလမ်းနဲ့ တိုက်မလဲ၊ ဘယ်သူတွေက လုပ်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
​ဒီသတိပေးချက်ဟာ ထရမ့်အစိုးရက အီရန်အပေါ် စစ်ရေးအရ အရှိန်အဟုန်မြှင့် တိုက်ခိုက်နေချိန်မှာ ထွက်ပေါ်လာတာပါ။ အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်း ဒေသအနံ့မှာ ာရှိတဲ့ ပစ်မှတ်တွေကို ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်နေတာတွေ ရှိပါတယ်။
​ဒီကိစ္စနဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျလိစ်မြို့က FBI ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားသလို၊ အိမ်ဖြူတော်ဘက်ကလည်း ချက်ချင်း ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။
​မက္ကဆီကို မူးယစ်ဂိုဏ်းများရဲ့ ခြိမ်းခြောက်မှု
​ဒါ့အပြင် အမေရိကန် ထောက်လှမ်းရေးတွေ စိုးရိမ်နေတာ နောက်တစ်ခုကတော့ မက္ကဆီကို မူးယစ်ဂိုဏ်းတွေက ဒရုန်းတွေကို ပိုသုံးလာတာပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက ထွက်ထားတဲ့ သတင်းထုတ်ပြန်ချက်အရ မက္ကဆီကို မူးယစ်ဂိုဏ်း ခေါင်းဆောင်တွေဟာ အမေရိကန်-မက္ကဆီကို နယ်စပ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
​ဒါမျိုး တိုက်ခိုက်မှုဟာ အမေရိကန်မြေပေါ်မှာ တစ်ခါမှ မဖြစ်ဖူးသေးပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ များသောအားဖြင့်တော့ မူးယစ်ဂိုဏ်းတွေဟာ အမေရိကန်အစိုးရရဲ့ အာရုံစိုက်မှုနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းတာမျိုး မခံရအောင် ဒီလိုလုပ်ရပ်တွေကို ရှောင်ကြဉ်လေ့ ရှိပါတယ်။
​ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆန် (Gavin Newsom) ရဲ့ရုံးကတော့ “ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပြည်နယ်၊ ဒေသန္တရနဲ့ ဖက်ဒရယ် လုံခြုံရေးအရာရှိတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ABC News ကို ပြောကြားထားပါတယ်။
Source: ABC News

Related posts

Leave a Comment

VOM News

FREE
VIEW