မတ် -၁၂ -၂၀၂၆ MT(VOM) အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ FBI က မကြာသေးခင်ရက်ပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့တွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ABC News က ရရှိထားတဲ့ အဲဒီသတိပေးချက်ထဲမှာ အခုလို ဖော်ပြထားပါတယ်။ ”၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အမေရိကန်ကသာ အီရန်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပင်လယ်ကမ်းခြေ (အထူးသဖြင့် ကယ်လီဖိုးနီးယား) က ပစ်မှတ်တွေကို သင်္ဘောတစ်စီးပေါ်ကနေ ဒရုန်းတွေသုံးပြီး အလစ်အငိုက် တိုက်ခိုက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုက ဘယ်အချိန်မှာ ဖြစ်မလဲ၊ ဘယ်လိုနည်းလမ်းနဲ့ တိုက်မလဲ၊ ဘယ်သူတွေက လုပ်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ …
Read MoreDay: March 12, 2026
နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ
မတ် ၁၁ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ဝင်ပေါက်လမ်းဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက နတ်ရေကန်ဗျူဟာကုန်းမှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မတ် ၁၀ ရက်နေ့ကစပြီး ကမ္ဘာလုံးဗျူဟာကုန်း (ခေါ်) နတ်ရေကန်ဗျူဟာကုန်းရဲ့ ပင်မစခန်းကို AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အစိုးရတပ်ဘက်လည်း လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ “အဲဒီဗျူဟာကုန်းက လေကြောင်းရန် ကာကွယ်ရေး ပင်မစခန်းပေါ့။ မကွေးတိုင်းထဲက ကပစ (ကာကွယ်ရေးပစ္စည်း) စက်ရုံတွေရဲ့ ခံစစ်စခန်းတခု၊ နောက်ဆုံးအဆင့် တောင်ကုန်းလည်းဖြစ်တယ်။ အဲဒီဗျူဟာကုန်းကို AA က လက်နက်ကြီး၊ ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်နေတာ။ ဒီစခန်း…
Read Moreဝက်လက်နယ်က စစ်ရှောင်တွေအတွက် အရေးပေါ် အကူညီတွေ လိုအပ်နေ
မတ် ၁၁ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေး အခြေအနေကြောင့် ဒေသခံ တသောင်းနီးပါး တောတောင်တွေထဲ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဝက်လက်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်ကာလ သုံးလကျော် ကြာမြင့်လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်ရှောင်တွေက တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေကြရတာ။ အမိုးအကာတွေလည်း မရှိကြဘူး။ စားစရာမရှိ၊ ရေတောင် သောက်စရာမရှိ ဖြစ်နေကြပြီ။ အခုက ကူမယ့် အလှူရှင်တွေလည်း အရင်လို အားသွန်ခွန်စိုက် မကူနိုင်ကြတော့ဘူး။ အကုန်လုံးက လက်ပန်းကျတဲ့ ပုံစံမျိုး ဖြစ်နေကြပြီ။…
Read Moreဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရကြောင်း ထိုင်းရေတပ် ပြောကြား
ဘန်ကောက် မတ်လ ၁၂-၂၀၂၆ MT(VOM) ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရကြောင်း ထိုင်းရေတပ် အတည်ပြုပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောပစ်လက်နက်တွေနဲ့ အပစ်ခံရပြီးနောက် သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းဘက်က ပြောပါတယ်။ထိုင်းနိုင်ငံသားပိုင် Mayuree Naree ကုန်တင်သင်္ဘောရဲ့ ကိုယ်ထည်နဲ့ အပေါ်ပိုင်းတွေမှာ မီးခိုးအမည်းရောင်တွေ အလိပ်လိုက် ထွက်နေတာကို ဓာတ်ပုံတွေမှာ တွေ့ရပြီး ရေထဲမှာလည်း အသက်ကယ်လှေတွေ မျောနေတာကို မြင်တွေ့ရပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စီးဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၁ ရက်) က တိုက်ခိုက်ခံခဲ့ရပြီး အခုအချိန်အထိ သင်္ဘောသား ၂၀ ကို ကယ်တင်ထားနိုင်ပြီလို့ ထိုင်းရေတပ်က ပြောပါတယ်။ ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ထိုင်းမှတ်ပုံတင်ထားတဲ့ Mayuree Naree သင်္ဘောရဲ့ ကိုယ်ထည်နဲ့ အဆောက်အအုံပိုင်းတွေကနေ မီးခိုးအမည်းကြီးတွေ ထွက်နေတာကို…
Read More