လက်နက်ကိုင် ၅၀၀ ကျော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ချ အလင်းဝင်

မန္တလေး၊ မတ်- ၁၉- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ PDF ၊ TNLA၊ AA နဲ့လက်နက် ကိုင်အဖွဲ့အမျိုးမျိုး က အလင်းဝင်ရောက်လာတဲ့သူ ၅၀၀ ကျော်ကို ဒီကနေ့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ရှိသူတွေက ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်အပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ဦး၊ အမျိုး သမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့ကို မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ဌေးနဲ့ တပ်မတော် တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပါတယ်။

Related posts

✕
VOM News

FREE
VIEW