မတ် ၁၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ဖားကန့်ဒေသရှိ မှော်စီစာရပ်ကွက်က စိန်စိန်ကျင်း လုပ်ကွက်ဟောင်းပြိုကျပြီး ကုမ္ပဏီဝန်ထမ်း ငါးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်က မတ်လ ၁၇ ရက်နေ့ညနေ ၃ နာရီလောက်မှာ စိန်စိန်လုပ်ကွက်ဟောင်းထဲက မြေစာပုံ ပြိုကျခဲ့ရာကနေ လူငါးယောက်ပါသွားခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ အဆိုပါ ငါးယောက်ရဲ့ ရုပ်အလောင်းတွေကို တူးဖော်ရရှိထားပြီဖြစ် တယ်လို့ သိရပါတယ်။ ” ရေမဆေးသမားတွေ မဟုတ်ဘူး ။တူးနေတဲ့လုပ်ကွက်က ကျင်းသားတွေသေတာပါ။ ညနေကတည်းက ငါးယောက်ရှာတွေ့ထားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူတွေထဲက လေးယောက်ရဲ့ မိသားစုနဲ့အဆက်အသွယ်ရရှိထားပြီး ကျန်တယောက်ရဲ့ မိသားစုဝင်တွေ နဲ့တော့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည…
Read MoreDay: March 21, 2026
နေတိုး (NATO) မဟာမိတ်တွေအပေါ် ထရမ့်ရဲ့ လေသံ ပိုတင်းမာလာခြင်း
မတ် ၁၈-၂၀၂၆ MT(VOM) ဒန်နီရယ် ဘုရှ် -ဝါရှင်တန်ပို့စ် ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့အတွက် အကူအညီတောင်းရာမှာ နေတိုးမဟာမိတ်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေမဲ့ ထရမ့်ကတော့ လေသံကို လျှော့မသွားဘဲ အီရန်စစ်ပွဲကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှာရင်း လေသံကို ပိုပြီး တင်းမာအောင် လုပ်လာခဲ့တာပါ။ အိမ်ဖြူတော်က အOval Office မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ထရမ့်က နေတိုးအဖွဲ့အပေါ် သူ့ရဲ့ စိတ်ပျက်မှုကို ထပ်ပြောခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားကို လုံခြုံအောင် ကူညီဖို့ ငြင်းဆန်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ “မိုက်မဲတဲ့ အမှားမျိုး လုပ်နေကြတာ” လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲစတင်ကတည်းက အီရန်ဟာ အဲ့ဒီရေလမ်းကြောင်းမှာရှိတဲ့…
Read Moreတတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကျင်းပ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက် တင်မြှောက်မယ်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ SA(VOM) တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်း အဝေးကို ဒီကနေ့မတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦဝင်း အမျိုးသားလွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။ တတိယအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိပြီးတော့ အဲ့ဒီထဲက ၁၆၈ နေရာကို ပြည်သူလူထုက ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်ကြရတာဖြစ်ပြီး ၅၆ နေရာအတွက်ကို တပ်မတော်မှ ခန့်အပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၆၈ နေရာထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၈ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၆…
Read Moreဒေါ်ဒွဲဘူ ကို အမျိုးသားလွှတ်တော် သဘာပတိ အဖြစ်တင်မြှောက်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ ဒေါ်ဒွဲဘူ ကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ပါတယ်။ #voiceofmyanmar #vom #အမျိုးသားလွှတ်တော် #လွှတ်တော် #ဒေါ်ဒွဲဘူ
Read Moreဦးအောင်လင်းဒွေး ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်တင်မြှောက်
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာကို အမည်စာရင်းတင်သွင်းရာမှာ ဦးအောင်လင်းဒွေး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိ ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ #voiceofmyanmar #vom #အမျိုးသားလွှတ်တော် #ဥက္ကဋ္ဌ #လွှတ်တော်
Read MoreJeng Phang နော်တောင် ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်
နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ Jeng Phang နော်တောင် ဟာ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Read Moreအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦး သဘာပတိရှေ့မှောက်မှာ လက်မှတ်ရေးထိုး
နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခံရတဲ့ ဦးအောင်လင်းဒွေးနဲ့ ဒုတိယဉ်ကဋ်ဌ Jeng Phang နော်တောင် တို့ နှစ်ဦးဟာ လွှတ်တော် သဘာပတိ ဒေါ်ဒွဲဘူရှေ့မှာ ကျမ်းသစ္စာကျိန်ဆို ပြီး ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Read Moreဖားကန့်အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး
မတ် ၁၈ ၊ ၂၀၂၆ GG (VOM) ဖားကန့်အခြေစိုက် သတင်းထောက်တယောက်ဖြစ်တဲ့ ကိုတာလင်းမောင်ကို မနေ့က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေစိုးမိုးထားတဲ့ ဆိုင်းတောင်ဘက်မှာ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မနေ့ကတည်းက အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။ “မနေ့က ဆိုင်းတောင်မှာ သပိတ်အစည်းဝေးဆွေးနွေးပြီးတော့ သူ့မိတ်ဆွေတယောက်က တွေ့ဖို့ခေါ်လို့ သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားကတည်းက အဆက်အသွယ်ပြတ်သွားတယ်သိရတယ် ။ တောလက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ပဲ သိရတယ်။ ကျန်တာဘာမှ မသိရသေးဘူး ။ စုဆောင်းရေးဆွဲတဲ့ကိစ္စတွေ လိုင်းပေါ်တင်ပြောတာနဲ့ပတ်သက်ပြီး ဖမ်းခံရတယ်လို့ ယူဆတယ်။ ” လို့ ဒေသခံကပြောပါတယ်။ ” စုဆောင်းရေးဆွဲတာနဲ့ပတ်သက်ပြီး ထုတ်ပေးတာကတဖွဲ့ ပိုက်ဆံယူတာကတဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး” ဆိုပြီး…
Read Moreဖိလစ်ပိုင်မှာ လောင်စာဆီဈေးတွေ တက်နေလို့ ငွေကြေးထောက်ပံ့တာနဲ့ ယာဉ်စီးခတိုးမြှင့်တာတွေ လုပ်ဆောင်နေ
မနီလာ ၁၇ မတ် ၂၀၂၆ MT(VOM) အခုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်လာလို့ အခက်တွေ့နေရတဲ့ ဖိလိုင်ပိုင်နိုင်ငံမှာ ယာယီဖြေရှင်းချက်အနေနဲ့ အစိုးရက ငွေကြေးထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။ အဲဒီအတွက် အင်္ဂါနေ့ (မတ်လ ၁၇ ရက်) က မနီလာမြို့မှာ သုံးဘီးဆိုင်ကယ် (Tricycle) မောင်းသူ ရာနဲ့ချီပြီး တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့ရာကနေ အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ အစိုးရဝန်ထမ်းတွေကို တစ်ပတ် ၄ ရက်ပဲ အလုပ်ဆင်းခိုင်းတာ၊ အချို့နေရာတွေမှာ ကူးတို့သင်္ဘောခရီးစဉ်တွေ လျှော့ချတာနဲ့ ရုရှားဆီကနေ ရေနံတင်သွင်းဖို့ စဉ်းစားတာမျိုးတွေ လုပ်ဆောင်လာရပါတယ်။ အင်္ဂါနေ့က ဒရိုင်ဘာတွေ ထောက်ပံ့ကြေးစောင့်နေတုန်းမှာပဲ တာဝန်ရှိသူတွေက ဒေသတွင်း သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ယာဉ်စီးခကို တိုးမြှင့်လိုက်ပါတယ်။ အဲဒီအထဲမှာ ဖိလစ်ပိုင်လူမျိုး သန်းပေါင်းများစွာ အလုပ်သွားဖို့…
Read Moreနမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA သယ်ထုတ် ရွှေ့ပြောင်း
မတ် ၁၈၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ဆေးရုံကြီးက ပစ္စည်းတွေကို မတ်လ ၁၆ ရက်နေ့ကစ TNLA တပ်ဖွဲ့ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းလည်း နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေတာ တွေ့ရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေ ဘယ်ကို သယ်သွားသလဲ ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။ “နမ့်ခမ်းဆေးရုံက ပစ္စည်းတွေ မတ်လ ၁၆ ရက်နေ့ကတည်းက သယ်ရွှေ့ နေကြတယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။…
Read More