နေတိုး (NATO) မဟာမိတ်တွေအပေါ် ထရမ့်ရဲ့ လေသံ ပိုတင်းမာလာခြင်း

မတ် ၁၈-၂၀၂၆
MT(VOM)
​ဒန်နီရယ် ဘုရှ် -ဝါရှင်တန်ပို့စ်
​ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့အတွက် အကူအညီတောင်းရာမှာ နေတိုးမဟာမိတ်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
​သူ့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေမဲ့ ထရမ့်ကတော့ လေသံကို လျှော့မသွားဘဲ အီရန်စစ်ပွဲကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှာရင်း လေသံကို ပိုပြီး တင်းမာအောင် လုပ်လာခဲ့တာပါ။
​အိမ်ဖြူတော်က အOval Office မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ထရမ့်က နေတိုးအဖွဲ့အပေါ် သူ့ရဲ့ စိတ်ပျက်မှုကို ထပ်ပြောခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားကို လုံခြုံအောင် ကူညီဖို့ ငြင်းဆန်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ “မိုက်မဲတဲ့ အမှားမျိုး လုပ်နေကြတာ” လို့ သူက ဆိုပါတယ်။
​ပြီးခဲ့တဲ့လက အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲစတင်ကတည်းက အီရန်ဟာ အဲ့ဒီရေလမ်းကြောင်းမှာရှိတဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ရေနံတင်ပို့မှုတွေဟာ ရပ်တန့်လုနီးပါး ဖြစ်နေတာပါ။
​ထရမ့်ဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ တို့ကို အထူးတလည် နာမည်တပ် ဝေဖန်ခဲ့ပါတယ်။ ဗြိတိန်ခေါင်းဆောင်ဟာ “ဝင်စတန် ချာချီလို လူမျိုးမဟုတ်ဘူး” လို့ သူက ပြောခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်း သူ အကြိမ်ကြိမ် သုံးနှုန်းခဲ့တဲ့ စကားလည်း ဖြစ်ပါတယ်။
​အခုလို တိုက်ခိုက်ပြောဆိုတာတွေက အီရန်ကိစ္စမှာ ထရမ့်လိုအပ်နေတဲ့ အကူအညီတွေရဖို့ တကယ်ပဲ အထောက်အကူ ဖြစ်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဒီဗျူဟာက ရလဒ်ကောင်းမထွက်ဘဲ မဟာမိတ်တွေကို ပိုဝေးသွားစေနိုင်သလို၊ အီရန်နဲ့စစ်ပွဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ နှစ်နိုင်ငံတည်း သီးခြားဖြစ်သွားအောင် တွန်းပို့သလို ဖြစ်နေပါတယ်။
​အခုထိတော့ ထရမ့်ဟာ ဒီစစ်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုရအောင် သိပ်ပြီး ကြိုးစားတာမျိုး မရှိသေးသလို၊ မဟာမိတ်တွေဘက်ကလည်း ဒီစစ်ပွဲထဲမှာ မပါဝင်ချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။
​ဒါပေမဲ့ ထရမ့်ကတော့ သူတို့အနေနဲ့ နေတိုးရဲ့ အကူအညီ မလိုဘူးလို့ အင်္ဂါနေ့မှာ အခိုင်အမာ ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ ဘယ်သူ့အကူအညီမှ မလိုဘူး” လို့ သူက ဆိုပါတယ်။ တကယ်လို့ သူက နေတိုးမဟာမိတ်တွေကို အခုလိုပဲ ဆက်ပြီး ဝေဖန်နေမယ်ဆိုရင်တော့ တကယ်လည်း အကူအညီ ရနိုင်မှာ မဟုတ်ပါဘူး။
BBC World Service
#voiceofmyanmar #VOM #ထရန့် #​နေတိုး #အီရန်အ​ရေး

Related posts

Leave a Comment

VOM News

FREE
VIEW