ဂျပန်နိုင်ငံရှိ BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် မန္တလေးမှာ ဂျပန်သွားလိုသူတွေကို ရွေးချယ်

မန္တလေး၊ ဇွန်- ၅- ၂၀၂၆
VOICE OF MYANMAR
ဂျပန်နိုင်ငံမှာ အလုပ်ခွင် လက်တွေ့သင်တန်းတွေ ပို့ချပြီး အလုပ်အကိုင်တွေ ဖန်တီးပေးမယ့် BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ မန္တလေးမှာ ဂျပန်ဘာသာစကားသင်ယူတတ်မြောက်ပြီးတဲ့ လူငယ်တွေကို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ပညာသင်ယူရင်း အလုပ် လုပ်ကိုင်နိုင်ဖို့ မန္တလေးက HOTEL HAZEL မှာ စာတွေ့ လူတွေ့ လက်တွေ့ စစ်ဆေးခဲ့ပါတယ်။
စာတွေ့ လူတွေ့ လက်တွေ့ အောင်မြင်တဲ့လူတွေကို ဂျပန်နိုင်ငံက သူတို့ရဲ့ BEPPU MIZOBE GAKUEN COLLAGE မှာ ပညာသင်ရင်း အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ သိရပါတယ်။
BEPPU MIZOBE GAKUEN COLLAGE ရဲ့ သမိုင်းကြောင်းနဲ့ သူတို့ ဘယ်လိုပညာတွေသင်ကြားပေးသလဲ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်သလဲဆိုတာကို သိနိုင်ဖို့ BEPPU MIZOBE GAKUEN ရဲ့ ကျောင်းအုပ်ကြီး Mrs Mizobe Yoshiko ကို VOM က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW