မန္တလေး၊ ဇွန်- ၄- ၂၀၂၆ SA(VOM) မန္တလေး၊ ပုလိပ်၊ တံတားဦး လမ်းပိုင်း ကို မီးရထား (သို့မဟုတ်) ကားရထား ပြေးဆွဲပေးနိုင်ဖို့ အစီအစဥ်ရှိ မရှိ ကို မြစ်သားမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း က ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (ဒုတိယနေ့)မှာ လွှတ်တော်ဥက္ကဋ္ဌက တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ” တံတားဦးမြို့ အနီး အမြန်လမ်းပေါ်က မိုင်တိုင်(၃၅၈)အနီးမှာရှိတဲ့ ဒုတ္ထဝတီမြစ်ကူးတံတားမှာ မြေငလျင်လှုပ်စဉ်က ပြိုကျပျက်စီးသွားသဖြင့် ပြုပြင်နေဆဲဖြစ်ပါတယ်။သို့ပါ၍ တံတားဦးမြို့နယ်ရှိ ဒေသခံများမှာ ပလိပ်၊မြစ်ငယ်ဘက်မှ ပတ်၍ သွားရပါတယ်။ တံတားဦးမှ မန္တလေးသို့ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ယခင်အမြန်လမ်းမှ သွားလျှင် တစ်နာရီကြာမောင်းရ၍ ယခုမြစ်ငယ်လမ်းမှ သွားလျှင် နှစ်နာရီကြာမောင်းနေရပါတယ်။ဆီဈေးကြီးချိန်ဖြစ်၍ တံတားဦးမှ မန္တလေးသို့…
Read MoreDay: June 5, 2026
စစ်ရှောင်များ စိတ်ပျက်အားငယ်မှုမရှိကြရန်နှင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော
ဇွန် ၄-၂၀၂၆ KKA (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ယာယီတိမ်းရှောင်စခန်းကို ရောက်ရှိခိုလှုံနေတဲ့ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြရန်နဲ့ လိုအပ်ချက်များကို ပြည်နယ်အစိုးရက အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားလိုက်ပါတယ်။ ဇွန်လ (၂) ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဦးမော်ရာဟူးခြံအတွင်းရှိ ယာယီတိမ်းရှောင်စခန်းကို သွားရောက် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်အပြီးမှာ ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ” စခန်းရှိ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြဖို့၊ မိုးရာသီကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့နဲ့လိုအပ်ချက်ေတွရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြဖို့၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်”လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ အဲဒီ ယာယီတိမ်းရှောင်စခန်းမှာ ဝိုင်းမော်မြို့နယ်၊ သာဂရကျေးရွာက ရွှေ့ပြောင်းတိမ်းရှောင်လာရတဲ့အိမ်ထောင်စု (၃၄၁) စု ခိုလှုံနေထိုင်လျက်ရှိပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တစ်အိမ်ထောင်လျှင် (၂၄) ပြည်ပါ…
Read Moreအသက်ဝင်လာတဲ့ မုံရွာက စစ်ကိုင်းတိုင်းလွှတ်တော်
မုံရွာ-ဇွန်-၄-၂၀၂၆ MW(VOM) တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ၄ရက် နံနက်၁၀နာရီက မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းတွေ အဖြေတွေနဲ့ ပြန်လည်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးကို လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်၊ ဒုဥက္ကဌဦးမျိုးသန့်၊နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဦးကိုလေးနဲ့ဝန်ကြီးတွေ လာရောက်လေ့လာကြတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခနဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ မုံရွာမြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေတက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ခန္တီး၊ မြင်းမူ၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ မင်းကင်း၊ မုံရွာ၊ အရာတော်နဲ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း ၁၀ခုမေးမြန်းကြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးတွေက ဖြေကြားခဲ့ကြပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ အဆင်ခြင်မဲ့ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်မြစ်ကြောင်းပျက်ဆီးတာ ပြဒါးညစ်ညမ်းတာနဲ့ ဆိုင်ယာနိုက်ဓာတုပစ္စည်းတွေရဲ့ ဘေးအန္တရာယ်တွေက ကာကွယ်တားဆီးနိုင်ရေး တိုက်တွန်းကြောင်းအဆိုကို မော်လိုက်မြို့နယ်အမှတ်၁လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာသိန်းကအစည်းအဝေးကို တင်သွင်းရာမှာ ဖောင်းပြင်မြို့နယ်အမှတ်၁ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တင်သွင်းလာသောအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် ၊မသင့်လွှတ်တော်ကိုယ်စားလှယ်တွေထံ အဆုံးအဖြတ်ရယူရာမှာ လက်ခံဆွေးနွေးသင့်ကြောင်း အားလုံးကဆုံးဖြတ်ကြတဲ့အတွက်…
Read More