နေပြည်တော်၊ ဇွန်- ၁၀ – ၂၀၂၆
KKL(VOM)
မေးမြန်းတဲ့ကိုယ်စားလှယ်အတွက်ရော အသီးအပွင့်ကိုခံစားရမယ့် ပြည်သူတွေအတွက် ဝန်ကြီးဌာနတွေရဲ့ ဖြေကြားမှုက တိကျတဲ့ဖြေကြားမှုဖြစ်ဖို့လိုတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ထောက်ပြပြောဆိုခဲ့ပါတယ်။
အခုပြန်လည်စတင်တဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေအပေါ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ဖြေဆိုမှုတွေကို ဒေါက်တာနန္ဒာလှမြင့် က စုစည်းသုံးသပ်ပြီး ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ထောက်ပြမှုနဲ့အတူ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ အစိုးရဖက်က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခု တတိယအကြိမ် လွှတ်တော်သက်တမ်းအထိ မောက်မယ် မဲဆန္ဒနယ်က ကိုယ်စားလှယ်က ပြန်လည်သယ် ဆောင်လာပြီး ထပ်မံမေးမြန်းဖို့ဆောင်ရွက်နေတာ တွေရှိခဲ့တယ် လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
အဲ့ဒီနောက် ပြည်သူ့လွှတ်တော်မှာ ကော်မတီ ၁၈ ခု အထိ ဖွဲ့စည်းဖို့ရှိတဲ့အကြောင်းနဲ့ ကော်မတီတွေကနေ အစိုးရ ဝန်ကြီး ဌာနတွေမှာရှိတဲ့ စာချုပ်သက်တမ်းတွေအပါအဝင် အခြားကဏ္ဍစုံအတွက် ထိန်းကျောင်းမှာဖြစ််တဲ့အတွက် တိုင်းပြည်အတွက် များစွာအကျိုးရှိပြီး မကြာခင်ကာလမှာ လွှတ်တော်က ပိုမိုအသက်ဝင်လာပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
