ဇွန် ၁၃၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ယမ်းချက်စက်ရုံပေါက်ကွဲမှုအတွင်း ထိခိုက်ခဲ့သူများအတွက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့က ကျပ်သိန်းပေါင်း ခြောက်ထောင် လှူဒါန်းလိုက်ပါ တယ်။
“ဝ” တပ်ဖွဲ့အနေနဲ့ လှူဒါန်းတာပါ။ ကျပ်သိန်းခြောက်ထောင် ဖြစ်ပါ တယ်” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီအလှူငွေတွေကို လားရှိုးအခြေစိုက် “ဝ” တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံနဲ့ အဖွဲ့က ဇွန်လ ၁၂ ရက်နေ့မှာ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ကို သွားရောက်လှူဒါန်းခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက TNLA တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ် ရွာ အတွင်း ယမ်းချက်စက်ရုံ ပေါက်ကွဲခဲ့လို့ ဒေသခံ ၄၀ ကျော် သေဆုံးခဲ့ပြီး ၈၀ ကျော် ပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် ခြောက်ယောက်နဲ့ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ် တရာကျော် ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်အတွင်း ထိခိုက်သူတွေကို အနယ်နယ်အရပ်ရပ်က စေတနာရှင်တွေ ကလည်း ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပြီး လက်ရှိမှာ ပြန်လည်ထူထောင် ရေး လုပ်ငန်းတွေ စဖို့ ပြင်နေပြီလို့ သိရပါတယ်။
“အခုတော့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဖို့စနေပြီ။ အလှူငွေတွေကို တော့ သူတို့ကော်မတီကပဲ လက်ခံပြီး ဒေသခံတွေကို ခွဲဝေပေးမယ်လို့ ပြောတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို တရုတ်ဘက်ကနေ ဝယ်မယ်လို့လည်း ပြော တယ်” လို့ နမ့်ခမ်းဒေသခံ တယောက်က ပြောပါတယ်။
ကောင်းတပ်ရွာ ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် TNLA ဘက်က တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ခဲ့ပါတယ်။
ကောင်းတပ်ရွာ ဖြစ်စဉ်အတွက် တရုတ်အစိုးရဘက်ကလည်း စောင့်ကြည့်သွား မှာ ဖြစ်ပြီး အကူအညီတွေ ပေးမယ်လို့ ပြောဆိုထားပါတယ်။
“တရုတ်ပြည်ဘက်ကတော့ ပြည်သူတွေ ကူညီတာမျိုး ရှိပါတယ်။ တရုတ် အစိုးရက တိုက်ရိုက်လာတာမျိုးတော့ မတွေ့သေးဘူး။ ဒါကလည်း သူတို့လူ ကြီးတွေ ဘယ်လိုချိတ်ဆက် ကူညီနေလဲ ဒေသခံတွေ မသိတာလည်း ပါမယ် ထင်ပါတယ်” ဟု ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေး နေသူထဲက တယောက်က ပြောပါတယ်။
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် “ဝ” တပ်ဖွဲ့အပြင် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA၊ မွန်တပ်ဖွဲ့၊ AA တပ်ဖွဲ့ အပါ အဝင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့ တွေကလည်း ကူညီပေးခဲ့ကြပါတယ်။
ဒေသအခြေစိုက် သတင်းတွေမှာ ဖော်ပြချက်အရ ကောင်းတပ်ရွာ ပြန်လည်ထူ ထောင်ရေးအတွက် မနေ့က ဇွန်လ ၁၂ ရက်နေ့အထိ မြန်ကျပ်ငွေ သိန်းပေါင်း တသောင်းလေးထောင်ကျော်နဲ့ တရုတ်ယွမ်ငွေ လေးသောင်းကျော် ရရှိ ထားတယ်လို့ သိရပါတယ်။
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် အလှူခံဌာနကို အခုလ ၁၅ ရက်နေ့အထိပဲ ဖွင့်လှစ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ TNLA တပ်ဖွဲ့ဘက်က စုံစမ်းစစ်ဆေး မှုတွေ လုပ်ပြီး ပါဝင်သူတွေကို ထိထိရောက်ရောက်အပြစ်ပေးမယ်လို့ ပြောထားပေမယ့် စုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ဒီနေ့အထိ ထုတ်ပြန်တာမရှိ သေးပါဘူး။
