သူတို့အိမ် အခန်း (၁၄၀)

ဆူးငှက် ဝမ်းနှင့် တူးကြား၊ ဖယ်ကာရှား ———————————- ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် အိမ်ထောင်ကျသည်။ ထိုနှစ်က ပြည်တွင်း နိုင်ငံရေးအနေနှင့်လည်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်ထဲတွင် သြဇာအာဏာကြီးသူဟု သတ်မှတ်ထားသည့် ဗိုလ်မှူးချုပ်တင်ဦး ကိုယ်တိုင် အဖမ်းခံလိုက်ရသည်။ ဗိုလ်မှူးချုပ်တင်ဦးကို မျက်မှန်တင်ဦးဟု အသိများပြီး သူကိုယ်တိုင်က ထောက်လှမ်းရေးအကြီးအကဲဖြစ်ကာ လမ်းစဉ်ပါတီ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။ ထိုစဉ်က ပါတီဥက္ကကြီး ဦးနေဝင်းကို နံပတ်ဝမ်း၊ သမ္မတဦးစန်းယုကို နံပတ်တူးဟု နိုင်ငံရေးလောက က ခေါ်ဝေါ်သုံးစွဲကြရာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးကို ဝမ်းနှင့် တူးကြားက ဝမ်းအင်ဟပ်ဖ် (1 ½) ဟု ခေါ်ကြသည်။ ဆိုလိုသည်မှာ ဦးနေဝင်းပြီးလျှင် သူပဲ။ သူက ဦးစန်းယုထက် လုပ်ပိုင်ခွင့်ပိုရှိတယ် ဟူသည့် သဘောဖြစ်သည်။ တကယ်တော့ ထိုကိစ္စသည် ပေါ့သေးသေး…

Read More

ရွှေကူမြို့အနီး ဗန်းမော်ကိုသွားတဲ့လမ်းပိုင်းက တော်လှန်ရွာကို တပ်ကထိန်းချုပ် ၊ တိုက်ပွဲတွေဆက်ဖြစ်နေ

ဇွန် ၁၃ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ရွှေကူမြို့အနီး ကျေးရွာတွေဘက်မှာ အစိုးရစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ရှိနေတယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရပါတယ်။ ရွှေကူမြို့အထွက် လေးလမ်းဆုံအကျော် ၊ မြို့နဲ့ နှစ်မိုင်လောက်သာဝေးတဲ့ တော်လှန်ရွာဘက်အပြင် နေရာတချို့မှာပါ တိုက်ပွဲ ဖြစ်ပွားလာနေပြီး မနေ့က ဇွန် ၁၂ ရက်နေ့ ညနေပိုင်းက တော်လှန်ရွာမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ အစိုးရတပ်က တော်လှန်ရွာကို မနေ့ကညပိုင်းမှာပဲ ထိန်းချုပ်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ” စစ်တပ်က တော်လှန်ရွာကို သိမ်းလိုက်ပြီ။ လေကြောင်းနဲ့ကျဲတယ် တပ်ထိုင်လိုက်တယ်။အခုစစ်တပ်က တော်လှန်ထိရောက်ပြီ ။ ဗန်းမော်ထိ ဆက်တက်ဖို့များတယ်။အခုတော်လှန်အပြင် တခြားဘက်တွေလည်း ပစ်နေကြတယ်။လက်နက်ကြီးတွေတအားပစ်နေတယ်။ အခုဖြစ်နေတဲ့နေရာက ဗန်းမော်ကိုသွားတဲ့လမ်းပိုင်းပဲ။ အဲဒီလမ်းပိုင်းက မြို့ခံတွေကို စစ်ရှောင်ဖို့ KIA…

Read More

အများပိုင်ဓမ္မာရုံ ဧရိယာကို ပိုင်ရှင်ပေါ်လာလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်​ရေးမှူးက ဖယ်ရှားခိုင်း​​နေ

မန္တလေး၊ ဇွန်- ၁၃- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ် ဗ/၂၄+၂၅၊ အတွင်းက ဓမ္မသာလာဓမ္မာရုံ ဧရိယာအတွင်းက မြေ အကျယ် ၈၀ ပေ ၆၀ ပေ ကို ပိုင်ရှင်ပေါ်ပေါက်တယ်ဆိုကာ ဓမ္မာရုံဧရိယာအတွင်းမှာ ထားရှိတဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ၂၀၂၆ ခုနှစ် ၂၈ ရက် ဧပြီလ အတွင်းဖယ်ရှား ပေးဖို့ ၂ ရက်အချိန်ပေးခဲ့​ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ” မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်(ခ) ကိုကိုထွန်းက ဓမ္မာရုံ ခြံစည်းရိုးခတ်ထားတဲ့ ပရဝုဏ်အတွင်းက မြေနေရာကို ဗိုလ်မှူးတဦးက ပိုင်ဆိုင်တယ်ဆိုပြီး ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပြီး ရပ်ကွက်နေသူတွေက လက်မခံလို့ အစီအစဥ်ပျက်ခဲ့ရတယ်” လို့ ရပ်ကွက်နေ သူတဦးက…

Read More

ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ထွက်ပြေးလာတဲ့ ကျူးလွန်သူ ယောကျ်ားကို ဟင်္သာတကနေအိမ်မှာ ဖမ်းမိ

ဇွန် ၁၃ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ပြီး ထွက်ပြေးနေတဲ့ ယောကျ်ားကို ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ နေအိမ်မှာ ဒီကနေ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဒီကနေ့ မနက် ၈နာရီဝန်းကျင်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ။အဲဒီကိစ္စ မြို့ထဲတော့ လူပြောများနေတယ်။ ခုဖမ်းသွားမှ အဲဒီလူက လူသတ်ခဲ့တယ်ဆိုတာကိုလည်း ပတ်ဝန်းကျင်က သိကြတာ ။ သူကလည်း ထိုင်းမှာပဲ လုပ်နေရင်းက ရုတ်တရက်ကြီး ပြန်လာတာ ။ထိုင်းမှာဖြစ်တာဆိုတော့ ဒီပြန်လာရင်လွတ်မယ်ထင်ထားတာဖြစ်မယ် ။ အခုတော့ ဖမ်းသွားပြီ။…

Read More

လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား လေးယောက်ကို MNDAA သေဒဏ်စီရင်၊ သုံးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေချ

ဇွန် ၁၃၊ ၂၀၂၅ NN(VOM) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ MNDAA ထိန်းချုပ်တဲ့ ဒေသအတွင်း လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ခုနှစ်ယောက်ထဲက လေးယောက်ကို ကိုးကန့်တပ်ဖွဲ့က ဒီမနက်မှာ သေဒဏ်စီရင် ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ လောက်ကိုင်မြို့ ဘောလုံးကွင်း လူမြင်ကွင်းရှေ့မှာ ဒီမနက်အစောပိုင်းက ပြုလုပ်ခဲ့တာလို့ လောက်ကိုင်ဒေသခံတွေဆီကနေ သိရပါတယ်။ “မနက်အစောကြီးပဲ ကားတွေနဲ့ ဘောလုံးကွင်းထဲကို ခေါ်လာပြီး တယောက်ချင်းစီကို သူတို့ ကျူးလွန်တဲ့ အပြစ်တွေကို ဖတ်ပြတယ်။ အဲဒီထဲက လူသတ်မှု ကျူးလွန်တဲ့ သူတွေနဲ့ ဓားပြတိုက်တဲ့သူ လေးယောက်ကို သေဒဏ်ပေးလိုက်တာ” လို့ လောက်ကိုင်မြို့ခံ တယောက်က ပြောပါတယ်။ ကျန်အမျိုးသား သုံးယောက်ကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချလိုက်တယ်လို့ သိရပါတယ်။ “ပြစ်မှုကျူးလွန်တဲ့ တရားခံထဲက တယောက်က မူးယစ်ဆေးသုံးပြီး အသက်…

Read More

ကောင်းတပ်ရွာ ပေါက်ကွဲမှု ထိခိုက်သူ​​တွေအတွက် “ဝ” တပ်ဖွဲ့ ကျပ်သိန်း ခြောက်ထောင် လှူဒါန်း

ဇွန် ၁၃၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ယမ်းချက်စက်ရုံပေါက်ကွဲမှုအတွင်း ထိခိုက်ခဲ့သူများအတွက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့က ကျပ်သိန်းပေါင်း ခြောက်ထောင် လှူဒါန်းလိုက်ပါ တယ်။ “ဝ” တပ်ဖွဲ့အနေနဲ့ လှူဒါန်းတာပါ။ ကျပ်သိန်းခြောက်ထောင် ဖြစ်ပါ တယ်” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီအလှူငွေတွေကို လားရှိုးအခြေစိုက် “ဝ” တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံနဲ့ အဖွဲ့က ဇွန်လ ၁၂ ရက်နေ့မှာ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ကို သွားရောက်လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက TNLA တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ် ရွာ အတွင်း ယမ်းချက်စက်ရုံ ပေါက်ကွဲခဲ့လို့ ဒေသခံ ၄၀ ကျော် သေဆုံးခဲ့ပြီး…

Read More

တစ်ကျော့ပြန် နှစ်ကျော့ပြန် အကြိမ်ကြိမ်ကျော့တဲ့ ဟော်မုဇ်ရေလက်ကြား

MT(VOM) ​ကမ္ဘာ့မြေပုံကို ဖြန့်ကြည့်လိုက်ရင် အရှေ့အလယ်ပိုင်းဒေသဟာ သွေးချင်းချင်းနီနေတဲ့ ပဋိပက္ခတွေ၊ ရေနံအနံ့နံစော်နေတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဒေသရဲ့ အချက်အချာ အကျဆုံး၊ အသက်သွေးကြောအဖြစ်ဆုံး နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ဟာ ပါရှန်ကွေ့ (Persian Gulf) နဲ့ အိုမန်ကွေ့ (Gulf of Oman) ကို ဆက်သွယ်ထားတဲ့ ရေလက်ကြားကျဉ်းကျဉ်းလေးတစ်ခုဆီကို လက်ညှိုးထိုးရပါလိမ့်မယ်။​အဲဒါကတော့ တခြားမဟုတ်ပါဘူး— “ဟော်မုဇ်ရေလက်ကြား” (Strait of Hormuz) ပါပဲ။ ​ဒီရေလက်ကြားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန်၊ အကြိမ်ကြိမ်အခါခါ စစ်မီးလျှံတွေ၊ တင်းမာမှုတွေနဲ့ ကျော့နေခဲ့တာ သမိုင်းတစ်လျှောက်လုံးပါပဲ။ “သမိုင်းရဲ့ သွေးကွက်တွေဟာ ဒီရေလက်ကြားမှာ ဘယ်တော့မှ မခြောက်သွေ့နိုင်သေးဘူး” လို့ပဲ ဆိုရမလိုပါပဲ။ ​ဟော်မုဇ်ရေလက်ကြား ရဲ့ ပထဝီဝင်အရေးပါမှု ​ပထဝီဝင်အနေအထားအရ ကြည့်ရင် ဟော်မုဇ်ရေလက်ကြားဟာ အင်မတန်…

Read More
VOM News

FREE
VIEW