အများပိုင်ဓမ္မာရုံ ဧရိယာကို ပိုင်ရှင်ပေါ်လာလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်​ရေးမှူးက ဖယ်ရှားခိုင်း​​နေ

မန္တလေး၊ ဇွန်- ၁၃- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ် ဗ/၂၄+၂၅၊ အတွင်းက ဓမ္မသာလာဓမ္မာရုံ ဧရိယာအတွင်းက မြေ အကျယ် ၈၀ ပေ ၆၀ ပေ ကို ပိုင်ရှင်ပေါ်ပေါက်တယ်ဆိုကာ ဓမ္မာရုံဧရိယာအတွင်းမှာ ထားရှိတဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ၂၀၂၆ ခုနှစ် ၂၈ ရက် ဧပြီလ အတွင်းဖယ်ရှား ပေးဖို့ ၂ ရက်အချိန်ပေးခဲ့​ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
” မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်(ခ) ကိုကိုထွန်းက ဓမ္မာရုံ ခြံစည်းရိုးခတ်ထားတဲ့ ပရဝုဏ်အတွင်းက မြေနေရာကို ဗိုလ်မှူးတဦးက ပိုင်ဆိုင်တယ်ဆိုပြီး ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပြီး ရပ်ကွက်နေသူတွေက လက်မခံလို့ အစီအစဥ်ပျက်ခဲ့ရတယ်” လို့ ရပ်ကွက်နေ သူတဦးက ပြောပါတယ်။
အဲ့ဒီနောက် ၂၀၂၆ ခုနှစ်၊ ဧပြီ လ ၂၈ ရက်နေ့မှာ ဓမ္မာရုံနယ်နိ မိတ်အတွင်းက ပစ္စည်းတွေကို ၂ ရက်အတွင်း ဖယ်ရှားပေးဖို့ ထပ်မံပြောဆိုလာတယ်လို့ ဓမ္မာရုံဂေါပကအဖွဲ့ဝင်တဦးကပြောပါတယ်။
ဓမ္မာရုံ ဥက္ကဋ္ဌနဲ့ အဖွဲ့က ဒီကိစ္စနဲ့ပါတ်သက်ပြီး မန္တ​လေးတိုင်းအစိုးရအဖွဲ့၊ မဟာအောင်မြေခရိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်၊ တိုင်းသံဃာ့နာယကအဖွဲ့၊ မြို့နယ်သံဃာနာယကအဖွဲ့၊ ရပ်ကျေးသံဃာ့နာယကအဖွဲ့တို့ကို စိစစ်အရေးယူပေးဖို့ တိုင်ကြားထားပေမယ့် ထူးခြားမှုမရှိသေးဘူးလို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ် ဗ/၂၄+၂၅၊ အတွင်းက ဓမ္မသာလာဓမ္မာရုံဧရိယာအတွင်းက မြေကိစ္စနဲ့ ပါတ်သက်ပြီး ဓမ္မာရုံနာယက ဦးခင်ထွန်း၊ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေး၊ အတွင်းရေးမှူး ဦးစောယုနိုင် တို့က VOM ကို အခုလိုဖြေကြားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW