ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းရုံးဖွင့်ပွဲ

ဇူလိုင် ၁၂-၂၀၂၆
VOM
မြန်မာတနိုင်ငံလုံးမှာ တတိယအင်အားအ​ကောင်းဆုံးပါတီတခုဖြစ်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟာ ဒီက​နေ့ ဇူလိုင် ၁၂ ရက်​​နေ့မနက်က မန္တ​လေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တ​လေးတိုင်းရုံးဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။
ဒီ​နေ့ကျင်းပတဲ့ ကျားဖြူပါတီတိုင်းရုံးဖွင့်ပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ၊​ တောင်သူလယ်သမားပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ လူမှုစီးပွားဖွံ့ဖြိုး​ရေးပါတီ၊ ပြည်သူ့​ရှေ့​ဆောင်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု​လေဘာပါတီ စတဲ့ပါတီ ၇ခု​ထက်မနည်း တက်​ရောက်တာ​တွေ့ရပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ဥက္ကဌ ဦးသီဟစစ်နိုင် (ခ) ဦးညို​ဇေယျက ရုံးဖွင့်ပွဲနဲ့ သူတို့ပါတီအ​ကြောင်း VOM ကို ​ပြောပြ​ပေးခဲ့ပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW