ဇူလိုင် ၁၁ – ၂၀၂၆ SN (VOM) ခွင့်ပြန်လုပ်သားတွေ ပြည်ပ ပြန်လည် ထွက်ခွာခွင့်နဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်မှုတွေ လုပ်ဆောင်နေတာကြောင့် အခက်ကြုံနေရတဲ့ အလုပ်သမားဦးရေ ရာနဲ့ချီ ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်တွေက ပြောပါတယ်။ လက်ရှိမှာ ခွင့်တလနဲ့အထက်ယူပြီး ပြန်လာသူတွေအပြင် အထောက်အထား ပြည့်စုံသူတွေလည်း ပြည်ပပြန်ထွက်နိုင်ဖို့အတွက် ခက်ခဲနေကြပြီး ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပထွက်ခွာခွင့် ပယ်ချခံရတဲ့ အလုပ်သမားဦးရေ ၁၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလမှာ ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရတဲ့ ခွင့်ပြန်အလုပ်သမား ၆၀၈ ယောက်၊ မေလမှာ ၃၀၁ ယောက်၊ ဇွန်လမှာ အယောက် ၂၀၀ ဝန်းကျင်၊ စုစုပေါင်း ၁၁၀၉ ယောက် ရှိခဲ့တာဖြစ်ပြီး ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေဟာ စာရွက်စာတမ်း မစုံလင်ခြင်း၊…
Read MoreDay: July 12, 2026
ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မယ့် ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်
မန္တလေး၊ ဇူလိုင်- ၁၁- ၂၀၂၆ VOM ပြင်ဦးလွင်မြို့ရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ပြင်ဦးလွင်လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ဖွင့်လှစ်ခြင်းဟာ အစိုးရရဲ့ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အထဲက အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာ ရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နဲ့ ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်ဒေသနဲ့ ရှမ်းရိုးမဒေသတွေကို ခရီးသွားလုပ်ငန်းကွန်ရက်နဲ့ ပိုမိုချိတ်ဆက်ပေးနိုင်မှာဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဒေသအသီးသီးအတွက်လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ဒေသစီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း…
Read Moreသံဖြူဇရပ်မှာ လေပြင်းတိုက်လို့ ထိုင်တော်မူဘုရား အဆောက်အဦးအပါ အိမ် ၄၀ နီးပါး အမိုးလန် ၊ ပြိုကျ ပျက်စီးပြီး သစ်ပင်တွေလဲကျခဲ့
ဇူလိုင် ၁၁ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ညက လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းစာကြည့်တိုက်နဲ့ ထိုင်တော်မူဘုရား အပါအဝင် လူနေအိမ် ၄၀ နီးပါး အမိုးလန်ထိခိုက် ပြိုကျပျက်စီးတာ သစ်ပင်တွေလဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ f မနေ့က ဇူလိုင် ၁၀ ရက်နေ့ ၊ ည ၇ နာရီလောက်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အောင်ဇေယျရပ်ကွက် နဲ့ အောင်ကုသိုလ်ရပ်ကွက်တွေမှာ နေအိမ်တွေပြိုကျတာ ၊ အမိုးလန်ပျက်စီးတာ ၊ သစ်ပင်တွေ လဲကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လူနေအိမ် ၃၅ လုံး ထိခိုက်ပျက်စီးတယ်။ အမိုးလန်ပျက်စီးတာများတယ်။ ပြိုကျတာက တဲအိမ်နှစ်အိမ်လောက်ရှိတယ်။ စာသင်ကျောင်း စာကြည့်တိုက် အမိုးလန်တာရှိတယ်။ ထိုင်တော်မူဘုရားက ပျက်စီးရှိတယ်။လမ်းပေါ်သစ်ပင်တွေလဲကျတာတော့ ညကတည်းက ရှင်းလင်းရေးလုပ်တယ်။ခုမနက်လည်း…
Read Moreကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ သုံးရက်ဆက်တိုက် ဖြစ်ပွား
ဇူလိုင် ၁၁ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) က တိုက်ပွဲတွေပြင်းထန်နေတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေမှာ ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီ ၁၀ မိနစ်ဝန်းကျင်ကနေစပြီး မနက် ၆ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့သလို ဆက်လက်ပြီး မင်းတပ်မြို့နယ် (အရှေ့ဘက်) မှာလည်း မနက် ၆ နာရီ၊ မိနစ် ၄၀ ကနေ မနက် ၇ နာရီ ၁၂ မိနစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့…
Read Moreရခိုင်ပြည်ရေဘေး ပိုမို ဆိုးရွားလာနေပြီး ပိတ်မိနေသူတွေ ရှိနေသလို သေဆုံးသူအရေအတွက်လည်း တိုးလာနေ
ဇူလိုင် ၁၁ – ၂၀၂၆ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မိုးရွာသွန်းမှု ပိုမို များပြားလာပြီး ရေထုထည် ပိုပြီးမြင့်တက်လာတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်မှုတွေ ရှိနေပြီး ပိတ်မိနေသူတွေလည်း ရှိနေတဲ့အပြင် သေဆုံးသူ အရေအတွက်လည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဇူလိုင် လဆန်းပိုင်းကတည်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်ကာ ဇူလိုင် ၇ ရက်နေ့မှာတော့ ရေကြီးမှုအခြေအနေ စတင် ဆိုးရွားလာပြီး လက်ရှိမှာတော့ မြို့နယ် ရှစ်မြို့နယ်ထက်မနည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ဒေသခံပြည်သူ တသိန်းကျော်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ လက်ရှိ ရေကြီးမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးအင်အား မလုံလောက်မှုတွေလည်း ရှိနေတယ်လို့ သိရပြီး အစွန်အဖျားကျေးရွာတွေက နေအိမ်တွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခြင်း မရှိဘဲ ပိတ်မိနေသူတွေလည်း ရှိနေတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့…
Read Moreထိုင်း မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်း မင်းလက်ပံ – ဖလူး – ဝေါလေဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေ
ဇူလိုင် ၁၁ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – မြန်မာနယ်စပ်က မင်းလက်ပံ – ဖလူး – ဝေါလေ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အစိုးရတပ်တွေက မင်းလက်ပံရွာ နဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း ထောင်နဲ့ချီပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက်ကြီးလည်း ပစ်ကူပြီး လေေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ် ။ ” ဒီနေ့ဆိုရင် ငါးရက်ရှိပြီ ။ လေယာဥ်နဲ့လည်း နေ့တိုင်းလာကြဲတယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ မင်းလက်ပံက KK Park အကျော်မှာရှိတာ ။ဖလူးနဲ့ မင်းလက်ပံက မဝေးဘူး ။ အခုတော့ ပစ်ခတ်နေကြတုန်းပဲ ။ထိုင်းနယ်စပ်က ရွာတွေနဲ့လည်း သောင်ရင်းမြစ်ပဲခြားတာဆိုတော့ ဟိုဘက်ကလူတွေလည်း…
Read More